ကျောမှာဝက်ခြံပေါက်ရင် လက်နဲ့ကလိမိတာ၊ ကုတ်မိတာတွေဖြစ်ရင် ဝက်ခြံကပိုပွားလာတာ၊ အနာတွေဖြစ်ပြီး အမာရွတ်ကျန်ကုန်တာမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် လက်နဲ့ကလိတာမျိုးတွေမလုပ်ပဲ သက်သာပျောက်ကင်းအောင် လုပ်ရပါမယ်။ ကျောမှာပေါက်တဲ့ဝက်ခြံတွေ သက်သာပျောက်ကင်းသွားစေမယ့် နည်းလမ်း ၄ မျိုးကိုလည်း မျှဝေပေးလိုက်ပါတယ်။
Tea Tree Oil
Tea Tree Oil – ၂ စက်နဲ့ Olive Oil – ၁၂ စက်ကို တစ်ခုခုထဲထည့်ကာ ရောမွှေပါ။ ပြီးရင် Cotton Pad နဲ့ယူကာ ဝက်ခြံရှိတဲ့နေရာတွေကို ပွတ်ပေးပါ။ ခြောက်အောင်ထားပြီးမှ ရေချိုးတာမျိုး လုပ်ပေးပါ။ ဒီနည်းလမ်းကို နေ့တိုင်းလုပ်သွားရင် ဝက်ခြံတွေ သက်သာပျောက်ကင်းလာမှာပါ။
Salicylic Acid ပါတဲ့ Skincare
Salicylic Acid က ဝက်ခြံအတွက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံးပါပဲ။ ခန္ဓာကိုယ်မှာပေါက်တဲ့ ဝက်ခြံဆိုလည်း Salicylic Acid ပါတဲ့ Body Wash, Body Shower Gel, Cleanser, Spot-treatment စတာတွေကို သုံးပေးရင် သက်သာပျောက်ကင်းစေပါတယ်။ အသားမခြောက်အောင် Lotion တော့ သေချာပြန်လိမ်းပေးပါ။
Anti-dandruff Shampoo
ကျောမှာပေါက်တဲ့ဝက်ခြံအတွက် Anti-dandruff Shampoo ကို ဆပ်ပြာတိုက်သလိုပဲ သုံးပေးရင်လည်း သက်သာစေပါတယ်။ ပြီးရင်တော့ Lotion သေချာပြန်လိမ်းပေးဖို့မမေ့ပါနဲ့။
Scrub တိုက်ပါ
ကျောမှာရှိတဲ့ ဝက်ခြံတွေ သက်သာပျောက်ကင်းဖို့အတွက်ဆိုရင် Scrub လည်းတိုက်ပေးဖို့လိုပါတယ်။ တစ်ပတ်တစ်ကြိမ် ပုံမှန် Scrub တိုက်ပေးရင် ဝက်ခြံတွေသက်သာပြီး ဝက်ခြံပေါက်ပြီးကျန်ခဲ့တဲ့ အမာရွတ်တွေလည်း ပါးသွားစေပါတယ်။