ဘဝမှာ လူတိုင်း လိုချင်တပ်မက်တဲ့ အရာတွေ ရှိကြပါတယ်။ ဒီအရာတွေကို ရဖို့အတွက် နောက်က လိုက်ရင်း ပိုင်ဆိုင်အောင် လုပ်ရတတ်ပါတယ်။ အချစ်ရေးမှာလည်း ဒီလိုပါပဲ။ လူတစ်ယောက်ကို သဘောကျမိပြီဆိုရင် ဒီလူအနားမှာ နေချင်ကြပြီး၊ ဒီလူက ကိုယ့်ကို ပြန်သဘောကျတာမျိုး လိုချင်ကြပါတယ်။ ဒီလို လိုချင်တာကြောင့် သူ့နောက်လိုက်ရင်း၊ သူ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းချင်ကြပါတယ်။ ဒါပေမဲ့ လူ့သဘာဝက လိုက်ရင်ပြေး၊ ပြေးရင်လိုက် သဘောတရားရှိတတ်ပါတယ်။ သင်က ကောင်လေးတစ်ယောက်ကို သဘောကျပေမယ့် ဆက်မလိုက်တော့ဘဲ ဒီအတိုင်း လက်လွှတ်လိုက်ပြီဆိုရင် ကြုံလာရမယ့် အရာတွေ ရှိပါတယ်။ ဘယ်လိုအရာတွေ ဖြစ်လာမလဲ သိချင်ရင် ဆက်ကြည့်လိုက်ပါနော်-
၁။ သူ့ရဲ့ တကယ့်စိတ်ရင်းအမှန်ကို သိလာမယ်
သင်က သူ့နောက် မလိုက်တော့ဘဲ ရပ်လိုက်တာနဲ့ သူ့ခံစားချက်အမှန်ကို သိလာပါလိမ့်မယ်။ အရင်က သင့်အပေါ် သူများ ချစ်နေမလားဆိုပြီး အချိန်ကုန်ခံကာ တွေးတာတွေ မလုပ်ရတော့ပါဘူး။ ဘာလို့လဲဆိုတော့ သင့်အပေါ် သူ့စိတ်ရင်းမှန်က ဘာလဲ ပေါ်လာမှာမို့လို့ပါ။ သူက သင့်ကို ဒီအတိုင်း အပျော်ကြောင်ချင်တာလား၊ အထာပေးရုံပဲလား၊ တကယ် စိတ်ဝင်စားတာလား သိလာပါလိမ့်မယ်။
၂။ သင့်ကို သူသတိရလာလိမ့်မယ်
အရင်က သင် Message တွေပို့တတ်ပေမယ့် လုံးဝ အဆက်အသွယ် ဖြတ်လိုက်တဲ့အခါ Attention ပေးခံခဲ့ရဖူးတဲ့ သူက ဒါတွေကို လွမ်းလာပါလိမ့်မယ်။
၃။ သင်က ထိုက်တန်သူ ဖြစ်ကြောင်း သိလာမယ်
သူ့အပေါ် သင့်အချိန်တွေ ဆက်ပြီး မသုံးတော့တာနဲ့ သင်ဟာ ဒီထက် ပိုသာတဲ့ အရာတွေနဲ့ ထိုက်တန်ကြောင်း သိလာပါလိမ့်မယ်။
၄။ သူက သင့်ကို တန်ဖိုးထားလာလိမ့်မယ်
သင်ဂရုစိုက်ခဲ့စဉ်က ဒါတွေကို သူ နားမလည်ခဲ့ပေမယ့် သင်မရှိတော့တာနဲ့ သင့်တန်ဖိုးကို သူသဘောပေါက်လာပါလိမ့်မယ်။
၅။ တခြားလူတွေအတွက် အချိန်ပိုပေးလာလိမ့်မယ်
ဟိုးအရင်က သင့်အချိန် အများစုကို သူ့ဆီမှာ အပ်ထားပေမယ့် အခုတော့ ဒီလိုမဟုတ်တော့ပါဘူး။ သင့်သူငယ်ချင်း၊ မိသားစုအတွက် သင်က ပိုသိတတ်လာပါလိမ့်မယ်။
၆။ သူက သင့်နောက်လိုက်လာလိမ့်မယ်
တချို့ အခြေအနေတွေမှာ ကိုယ်လိုက်ခဲ့ဖူးတဲ့သူက ကိုယ် မချစ်တော့မှ ကိုယ့်နောက် ပြန်လိုက်လာတာတွေ ရှိပါတယ်။
၇။ ကိုယ့်အတွက်ကိုယ် အချိန်ပိုပေးလာလိမ့်မယ်
လူတစ်ယောက်နောက် ဆက်မလိုက်တော့တာနဲ့ သင်က သင့်ကိုယ်သင် ပိုဂရုစိုက်ကာ ပိုအချိန်ပေးလာပါလိမ့်မယ်။
လူတစ်ယောက်နောက်ကို အတင်းဆက်မလိုက်တော့ဘဲ ကိုယ့်အထာနဲ့ ကိုယ်၊ ကိုယ့်ဘဝကိုယ် ပြန်ဖြတ်သန်းတဲ့အချိန် ဒီအရာတွေအပြင် တခြား ရလာမယ့် အကျိုးကျေးဇူးအများအပြား ရှိပါသေးတယ်။ သင့်အနေနဲ့ ဒီ လိုက်တဲ့ အပြုအမူကို ရပ်လိုက်ဖို့ပဲ လိုတာပါ။
Photo Source: Pinterest
By MyStyle Myanmar