ပူအိုက်တဲ့ ရာသီမှာ အသားအရေကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ သင်စားတဲ့ အစားအသောက်ကို ရေဓာတ်များတာ ပိုစားသင့်ပြီး အသားအရေ ဂရုစိုက်တဲ့အခါလည်း အစိုဓာတ် လုံလောက်စွာ ပြည့်ဝအောင် ဂရုစိုက်ပေးသင့်ပါတယ်။

ဒီတစ်ခေါက်မှာတော့ စားဖို့အပြင် အသားအရေအတွက်ပါ အစိုဓာတ် အပြည့်အဝ ပေးနိုင်မယ့် သခွားသီးနဲ့ ပေါင်းတင်နည်းကို ဖော်ပြပါရစေ။ သခွားသီးက အသားအရေကို စိုပြေစေကာ အဆီပြန်တတ်တဲ့ ပျိုမေတို့အတွက်၊ ဝက်ခြံရှိတဲ့ ပျိုမေတို့အတွက်ပါ သင့်တော်ပါတယ်။

Photo Source: Real Simple

ဒီသခွားသီးနဲ့ ပေါင်းတင်နည်းလမ်းကို ကိုးရီးယားမလေးတွေ အသုံးများတာကြောင့် Korean Skin Brightening Secret လို့တောင် ခေါ်ကြပါတယ်။ ဒီတော့ သခွားသီးနဲ့ ပူအိုက်တဲ့အချိန် ဘယ်လို ပေါင်းတင်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-

ဒီနည်းလမ်းမှာ သခွားသီးအပြင် ထပ်လိုတဲ့ ပစ္စည်းတစ်ခု ရှိပါသေးတယ်။ ဒါကတော့ ဆန်ဆေးရည်ပါ။ ဆန်ကို နှစ်ခါ ဆေးပေးရပါမယ်။ ၂ ခါ ဆေးပြီးနောက် သုံးခါမြောက် ရေကို ယူပေးရပါမယ်။ ဆန်ဆေးရည်က အသားအရေ နေလောင်ခြင်းကို သက်သာစေပါတယ်။ အသားအရေကို ဖြူလာစေကာ အဆီပြန်တဲ့ အသားအရေအတွက်လည်း သင့်တော်ပါတယ်။

Photo Source: Stylecraze

၂ ခါ ဆေးပြီးနောက် နောက်တစ်ခါ အရည်ထည့်ပြီးတာနဲ့ လေးနာရီကြာ ရေထည့်ကာ စိမ်ထားရပါမယ်။ လေးနာရီစိမ်ထားတဲ့အချိန် သခွားသီးတစ်လုံးကို ယူကာ ပါးပါးလေး အဝိုင်းလေးတွေ လှီးပေးရပါမယ်။

Photo Source: Minnetonka-Orchards

လေးနာရီကြာပြီးနောက် ဆန်ဆေးရည်ကို အရည်စစ်ပေးရပါမယ်။ ဒီအရည်စစ်ထားတာထဲ သခွားသီး ပါးပါးလေးတွေကို ထည့်ပေးရပါမယ်။ ပြီးနောက် ဒီသခွားသီးနဲ့ ဆန်ဆေးရည်ကို နာရီဝက် စိမ်ပေးရပါမယ်။

Photo Source: Tiktok

ဒါပြီးရင်တော့ သခွားသီးစိပ်လေးတွေကို မျက်နှာပေါ် ကပ်နိုင်ပါပြီ။

မျက်နှာမှာ ကပ်ပြီးနောက် မိနစ် ၂၀ ထားပေးရပါမယ်။ ပြီးရင်တော့ မျက်နှာသစ်နိုင်ပါပြီ။

By MyStyle Myanmar