မင်္ဂလာပါ… ပျိုမဒီတို့ရေ…. ရင်ဟိုက်တဲ့ Top တွေ ၊ ကျောပြောင်လေးတွေ ဝတ်တဲ့အခါမျိုးတွေမှာ Bra ကြိုးတွေပေါ်နေတာက စိတ်ညစ်စရာမျိုးတွေပါနော်။ ဒါပေမယ့် စိတ်မပူပါနဲ့ Bra မဝတ်ထားရင်တောင် Nipple တွေကို ကာကွယ်ဖို့ ရိုးရှင်းတဲ့နည်းလမ်းလေးတွေရှိပါတယ်။
Nipple Covers
အရင်ဆုံး သင်နဲ့ကိုက်ညီတဲ့ Nipple Cover ကို ရွေးလိုက်ပါ။ ခြောက်သွေ့ပြီးသန့်ရှင်းတဲ့အသားအရေပေါ်တင် တန်းအသုံးပြုလို့ရတာကြောင့် အချိန်ကုန်လည်းသက်သာပါတယ်။ တကယ်လို့ ကွာမှာကို စိတ်ပူရင်တော့ Body Adhesive နည်းနည်းကို သုံးလိုက်ပါ။
Layer Up
Nipple Covers တွေ မဝတ်ချင်ဘူးဆိုရင် Nipple တွေကို ဖောက်မရအောင် ဖုံးအုပ်ထားဖို့ နောက်ထပ်နည်းလမ်းကောင်းတစ်ခုရှိပါသေးတယ်။ Tank Top ဒါမှမဟုတ် Camisole ကိုလည်း ဝတ်လို့ရပါသေးတယ်။
Nipple Tape
Nipple Covers တွေ ၊ Layer Up တွေ မသုံးချင်ဘူးဆိုရင်တော့ Nipple Tape တွေ သုံးလို့ရပါသေးတယ်။ ဒါပေမယ့် သုံးတဲ့အခါ အသားအရေကို မထိခိုက်စေဖို့ ဖြည်းဖြည်းနှင့် ဂရုတစိုက်ပြုလုပ်ပါ။
Nipple Shield
Nipple Shield ကို ဆီလီကွန်အလွှာပါးပါးနဲ့ ပြုလုပ်ထားပြီး Fit ဖြစ်တဲ့အဝတ်အစားတွေနဲ့ ဝတ်လို့ရတာကြောင့် Nipple Covers အနေနဲ့ သုံးလို့ရပါသေးတယ်။