လက်သည်းခဏခဏကျိုးပဲ့တာက Healthy Nails မဖြစ်လို့ပါ။ ကိုယ့်ရဲ့လုပ်ဆောင်ပုံတွေ မှားယွင်းနေတာမျိုး၊ လက်သည်းကို ဂရုမစိုက်တာမျိုးတွေကြောင့်လည်း ပါပါတယ်။ ဒါကြောင့် အလှအပကြိုက်တဲ့ မိန်းကလေးတွေအတွက် လက်သည်း ခဏခဏကျိုးပဲ့တာမျိုး မဖြစ်အောင် သတိထားဆင်ခြင်ရမယ့် အချက် ၄ ချက်ကို ပြောပြပေးလိုက်ပါတယ်။

လက်သည်းမကိုက်ပါနဲ့

အဆိုးဆုံးကတော့ လက်သည်းကိုက်တာပါပဲ။ လက်သည်းကိုက်တာက လက်သည်းအရမ်းပျက်စီးပါတယ်။ လက်သည်းတွေကျိုးပဲ့လွယ်ပြီး အရှည်နှေးလာမယ်၊ လက်သည်းက ငုတ်တိုလေးတွေ ဖြစ်လာပါမယ်။ လက်သည်းအလှပျက်စီးပြီး ကျန်းမာရေးအတွက်လည်း မကောင်းတာကြောင့် လက်သည်းကိုက်တဲ့အကျင့်ကို ဆင်ခြင်ဖို့လိုပါတယ်။

လက်သည်းနီခဏခဏမဆိုးပါနဲ့

လက်သည်းနီကို ခဏခဏဆိုးလိုက်ဖျက်လိုက်လုပ်တာက လက်သည်းပျက်စီးတာကြောင့် ခဏခဏကျိုးပဲ့လွယ်စေပါတယ်။ ဒါ့အပြင် Gel လက်သည်းခဏခဏဆိုးတာလည်း လက်သည်းပျက်စီးပါတယ်။ လက်သည်းတွေပျော့ပြီး ကျိုးပဲ့လွယ်ပါတယ်။

Quality မကောင်းတဲ့လက်သည်းနီတွေဆိုးခြင်း

လက်သည်းနီဆိုးမယ်ဆိုရင်လည်း Quality ကောင်းတာမျိုးကိုပဲဆိုးပါ။ ဒါမှ ကိုယ့်လက်သည်းလည်း မပျက်စီးသလို လက်သည်းအလှလည်း မပျက်မှာပါ။ လက်သည်းနီက Quality မကောင်းတဲ့အခါ လက်သည်းပျက်စီးပြီး လက်သည်းတွေဝါလာမယ်၊ လက်သည်းခဏခဏ ကျိုးပဲ့လွယ်လာပါမယ်။

လက်သည်းကျန်းမာရေးကိုဂရုမစိုက်ခြင်း

Healthy Nails ရဖို့အတွက်ဆိုရင်တော့ လက်သည်းကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို များများစားပေးတာမျိုး၊ သံဓာတ်ဖြစ်စေတဲ့ အစားအသောက်တွေကို ပုံမှန်စားသုံးပေးတာမျိုး လုပ်ပေးပါ။ Nail Vitamin Oil သုံးပေးပါ။ ကိုယ်က လက်သည်းအရှည်နှေးတယ်၊ လက်သည်းအရှည်မြန်ပြီး လက်သည်းသန်မာချင်တယ်ဆိုရင် Supplement တစ်ခုခုသောက်ပေးတာမျိုးလည်း လုပ်ပေးပါ။