တစ်ခါတစ်လေကျရင် ကိုယ်သတိမထားမိပဲ လုပ်နေတဲ့အရာတွေကြောင့် ကိုယ့်ရဲ့ အလှအပရေးရာကို ထိခိုက်လာနိုင်တာမျိုး ရှိပါတယ်။ မိန်းကလေးအများစုမှာ ဖြစ်လေ့ရှိတဲ့ အများဆုံးပြဿနာတွေထဲမှာတော့ ဆံပင်ကျွတ်တဲ့ကိစ္စက အဖြစ်များပါတယ်။ ဒါကြောင့် ကိုယ်တိုင်မှားယွင်းနေတာတွေရှိနေရင်လည်း ပြင်လို့ရအောင် ဆံပင်ကျွတ်ပြီးပိုပါးလာအောင် ပြုလုပ်မိတတ်တဲ့အချက် ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။
ဆံပင်ကိုတင်းကြပ်နေအောင်စည်းထားခြင်း
ဆံပင်ကို တင်းကြပ်နေအောင် အမြဲချည်ထားတာ၊ စည်းထားတာတွေကြောင့် ဆံသားနာပြီး ဆံပင်ကျွတ်စေပါတယ်။ ဆံပင်ကျွတ်တာတွေများလာရင် တစ်ဖြေးဖြေးနဲ့ ဆံပင်တွေပါးလာမှာပါ။ ဒါကြောင့် ဆံပင်ကို အမြဲစည်းထားတာမျိုး၊ တင်းကြပ်အောင်စည်းတာမျိုး မလုပ်ပါနဲ့။
အပူချောင်းတွေသုံးခြင်း
အပူချောင်းတွေဖြစ်တဲ့ Hair Dryer တွေ၊ ဆံပင်ဖြောင့်စက်၊ လိပ်စက်တွေ သုံးတာက ဆံသားနာပြီး ဆံပင်ကျွတ်ပါတယ်။ ကြာရင် ဆံပင်တွေပါးလာမှာပါ။
ခဏခဏခေါင်းလျှော်ခြင်း
ခဏခဏခေါင်းလျှော်တာကြောင့် ဆံသားဖွာပြီး ပျက်စီးလာမယ်၊ ကျွတ်ပြီး ဆံပင်ပါးလာပါမယ်။ ရေနွေးနဲ့ခေါင်းလျှော်တာလည်း တူတူပါပဲ။ ကြာလာရင် ဆံပင်ကျွတ်ပြီး ပါးစေပါတယ်။
ဆံပင်ရေစိုနေတာကိုဖြီးခြင်း
လူ ၁၀၀ မှာ ၅၀ ကျော်လောက်က ခေါင်းလျှော်ပြီး ဆံပင်ရေမခြောက်သေးပဲ စိုနေတဲ့အချိန်မှာ ခေါင်းဖြီးတာ၊ ဆံပင်ရှင်းတာတွေ လုပ်တတ်ပါတယ်။ ဆံပင်ရှင်းအောင်ဖြီးပြီးမှ Dryer မှုတ်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒီလို ဆံပင်ရေစိုနေချိန် ခေါင်းဖြီးတာက ဆံပင်တွေ သိသိသာသာကို ကျွတ်ပါလာပြီး ခဏခဏဆိုရင် ထိပ်ပြောင်တာ၊ ဆံပင်ပါးတာတွေ ဖြစ်လာမှာပါ။
နေပူထဲအကာအကွယ်မပါပဲသွားခြင်း
နေပူထဲသွားတဲ့အခါမှာ ဦးထုပ်၊ ထီး စတဲ့ အကာအကွယ်တွေမပါပဲ သွားလာနေတာက နေရောင်ခြည် တိုက်ရိုက်ထိတွေ့စေတဲ့အတွက် ကြာလာတဲ့အခါမှာ ဆံသားပျက်စီးပြီး ဆံပင်အရောင်ပြောင်းတာမျိုး၊ ဆံပင်နီကြောင်ကြောင်ဖြစ်တာမျိုး၊ ဆံပင်ဖြူတာမျိုး၊ ဆံသားခြောက်သွေ့လာတာမျိုး၊ ဆံပင်တွေကွက်ပြီး ပါးလာတာမျိုးတွေ ဖြစ်လာစေပါတယ်။