ခေါင်းယားပြီး ဗောက်ထတတ်တဲ့ပြဿနာကို အရှင်းပျောက်အောင်လုပ်ဖို့က ထင်သလောက် မလွယ်ပါဘူး။ ဗောက်ပျောက်ခေါင်းလျှော်ရည်တွေသုံးပြီး Treatment တစ်ချို့လုပ်ပေမယ့် ခဏတော့ပျောက်ပြီး ပြန်ထွက်လာတာမျိုးတွေ ကြုံရတတ်ပါတယ်။ သင်ကိုယ်တိုင်လည်း ဗောက်ပျောက်အောင်လုပ်ပေမယ့် ထင်သလောက် မထိရောက်သလို ခံစားနေရတယ်ဆိုရင် အခုဖော်ပြပေးမယ့် အကြောင်းအရင်းတွေကို ကိုယ်တိုင်လုပ်မိနေလား ဆန်းစစ်ကြည့်ဖို့ အကြံပေးချင်ပါတယ်နော်။ ဒီတစ်ခေါက်မှာ ပျိုမေတိုင်းသိထားသင့်တဲ့ ဗောက်မပျောက်နိုင်ရတဲ့ အကြောင်းအရင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
Treatment တွေက ဆံသားအဆီပိုထွက်စေလို့
တစ်ခါတစ်ရံ ဗောက်ပျောက်ဖို့အတွက်လိမ်းတဲ့ Oil နဲ့ Treatment တွေက ဆံသားအဆီပိုထွက်လာတာမျိုး ဖြစ်တတ်ပါတယ်နော်။ ဆံသားအဆီထွက်များတဲ့အခါ ခေါင်းယားပြီး ဗောက်ပြန်ထတတ်တာမို့ Treatment လုပ်မယ်ဆိုရင် ဦးရေပြားအဆီထွက်စေတဲ့ ပစ္စည်းတွေမပါအောင် သတိထားပေးပါ။
ကိုယ်သုံးတဲ့ ခေါင်းလျှော်ရည်နဲ့မတည့်လို့
တစ်ချို့ ဗောက်ပျောက်ခေါင်းလျှော်ရည်တွေက အာနိသင်ပြင်းတာမို့ ဦးရေပြားကိုပိုပြီး ခြောက်သွေ့စေပါတယ်နော်။ ဦးရေပြားခြောက်သွေ့လွန်းရင် ခေါင်းယားပြီး ဗောက်ပြန်ထွက်တတ်တာမို့ ကိုယ့်ဦးရေပြားနဲ့တည့်ပြီး အာနိသင်အရမ်းမပြင်းတဲ့ ခေါင်းလျှော်ရည်မျိုးကို နှစ်ပတ် တစ်ကြိမ်လောက်သာ သုံးတာမျိုး လုပ်ပေးပါ။
Stress အရမ်းများလို့
Stress များလွန်းရင်လည်း ခေါင်းရှုပ်ပြီး ယားယံလာတတ်တာမို့ ဗောက်ဖတ်တွေထွက်တာ၊ ဆံပင်အကျွတ်များတာတွေ ဖြစ်လာမှာပါ။ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ပြီး Stress နည်းအောင် လျှော့ချကြည့်ပါ။ စိတ်ရောကိုယ်ပါလန်းဆန်းပြီး ခေါင်းကြည်လာတာကို ခံစားမိပါလိမ့်မယ်။
အဆီများတဲ့ သရေစာတွေစားမိလို့
Photo Source: medicaldialogues.in
ကိုယ်စားသမျှက ခန္ဓာကိုယ်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိတာမို့ ဦးရေပြားနဲ့ဆံသားအတွက်လည်း အလားတူပါပဲ။ မျှတတဲ့စားသောက်ပုံမရှိတာက သင့်ဦးရေပြားကိုပါ ထိခိုက်လာမှာပါ။ ဒါကြောင့်မို့ အဆီများကာ ကျန်းမာရေးနဲ့ မညီတဲ့အစားအသောက်တွေ လျှော့စားပြီး ဗီတာမင်ဓာတ်နဲ့ ဆံသားအတွက် အကျိုးပြုအာဟာရဓာတ်ပါဝင်တဲ့ အစားအစာတွေကို ရွေးစားဖို့ မမေ့သင့်ပါဘူး။
Photo Source: Pinterest
By MyStyle Myanmar