နှုတ်ခမ်းညိုမဲလာတာမျိုးမဖြစ်အောင် ကြိုတင်ကာကွယ်ပြီး ဆင်ခြင်သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ ကိုယ့်နှုတ်ခမ်းက ညိုမဲလာတယ် ဘာကြောင့်မှန်းမသိဘူးဆိုပြီး တွေးနေရင် ဒီအချက်တွေ လုပ်နေမရဲ့လား၊ ဆင်ခြင်မိရဲ့လားဆိုတာကို ပြန်စစ်ကြည့်ပါ။

Hydrating မဖြစ်ခြင်း

နှုတ်ခမ်းသားက အမြဲခြောက်ပြီး ကွဲနေတာကို Lip Balm ဆိုးတာ၊ Lip Mask သုံးတာမျိုးတွေမလုပ်ပဲ ဒီတိုင်းပဲထားမယ်၊ လက်နဲ့ကလိပြီး ခွာနေမယ်ဆိုရင် ကြာလာတဲ့အခါမှာ နှုတ်ခမ်းက ညိုမဲလာပါလိမ့်မယ်။ ဒါကြောင့် Hydrating ပြည့်ဝနေအောင် ရေများများသောက်ပါ၊ နေ့တိုင်း နှုတ်ခမ်းအစိုဓာတ်ရှိအောင် Lip Balm ဆိုးပေးပါ။

Exfoliate လုပ်ပါ

Dead Skin Cells တွေကို ဖယ်ရှားဖို့၊ နှုတ်ခမ်းသားခြောက်ပြီး ကွဲနေတာတွေ သက်သာဖို့အတွက် နှုတ်ခမ်းကို ပုံမှန် Exfoliate လုပ်ပေးရပါမယ်။ မလုပ်ပဲနေမိတယ်ဆိုရင် အခုကစပြီး တစ်ပတ်တစ်ခါ (သို့) တစ်ပတ်နှစ်ခါ ပုံမှန် Exfoliate လုပ်ပေးပါ။ သံလွင်ဆီနဲ့ သကြားကိုရောပြီး လုပ်လို့တောင်ရပါတယ်။

Sunblock သုံးပါ

တော်တော်များများက မျက်နှာကိုပဲ Sunscreen လိမ်းပါတယ်။ တကယ်တော့ နှုတ်ခမ်းကိုလည်း လိမ်းရတဲ့ Sunblock တွေရှိပါတယ်။ ကိုယ့်နှုတ်ခမ်းက ညိုမဲလာတယ်လို့ ခံစားရရင် အပြင်ထွက်တိုင်း SPF 30 လောက်ပါတဲ့ Lip Balm ကို ဆိုးပေးပါ။

Lip Care လုပ်ဖို့မပျင်းပါနဲ့

Lip Care မလုပ်ရင် နှုတ်ခမ်းသားပျက်စီးပြီး မဲစေပါတယ်။ မျက်နှာအသားအရေကို ဂရုစိုက်ပြီး Skincare လုပ်ပေးသလိုပဲ နှုတ်ခမ်းကိုလည်း Lip Care လုပ်ဖို့မပျင်းပါနဲ့။ အပေါ်မှာပြောခဲ့သလို ပုံမှန် Exfoliate လုပ်၊ နှုတ်ခမ်းနီဆိုးတိုင်းမှာ Lip Balm ခံဆိုး၊ ညအိပ်ယာဝင်ခါနီးတိုင်းမှာလည်း Lip Balm or Lip Mask ဆိုးပေးပါ။

ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်ရင် နှုတ်ခမ်းက တစ်ဖြေးဖြေးနဲ့ ညိုမဲလာပါတယ်။ ဒါကြောင့် နှုတ်ခမ်းအလှမပျက်ချင်ရင်၊ နှုတ်ခမ်းညိုမဲတာမျိုးမဖြစ်ချင်ရင် ဆေးလိပ်သောက်တာကို ရှောင်ရပါမယ်။