မင်္ဂလာပါ… ပျိုမဒီတို့ရေ….အခုလိုပူအိုက်နေတဲ့ညတွေမှာ အိပ်ရေးဝဝနဲ့သက်တောင့်သက်သာအိပ်ရဖို့က အရေးကြီးဆုံးပါနော်။ ဒီလိုသက်တောင့်သက်သာရှိဖို့အတွက်က ညအိပ်ချိန်ဝတ်တဲ့အဝတ်အစားကလည်း အရေးကြီးပါတယ်။

ညဘက်ဝတ်အိပ်ဖို့ ရွေးတဲ့အခါ သဘာဝအထည်ဖြစ်တဲ့ ချည်သားတွေက လေ၀င်လေထွက်ကောင်းပြီး အပူကိုစုပ်ယူနိုင်တာကြောင့် ညဘက်ဝတ်အိပ်ဖို့ သင့်တော်ပါတယ်။အထူးသဖြင့် အမျိုးသမီးတွေအတွက် ချည်သားကို ညဘက်မှာဝတ်အိပ်တာက အကျိုးကျေးဇူးများစွာရှိပါတယ်။

ခန္ဓာကိုယ်အပူချိန်

ညဘက်မှာ ချွေးအရမ်းထွက်ရင် ချည်သားဝတ်စုံက အပူနဲ့ ချွေးတွေကို စုပ်ပေးတာကြောင့် ခန္ဓာကိုယ်အပူချိန် ပြောင်းလဲသွားရင်တောင်မှ သင့်ကို သက်တောင့်သက်သာ အိပ်စက်နိုင်စေမှာပါ။

အိပ်မပျော်ခြင်း

ညဘက်အိပ်မပျော်လို့ မနက်နောက်ကျမှနိုးတဲ့အခါ အာရုံမစိုက်နိုင်တာ၊ ခေါင်းကိုက်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အိပ်ရတာ အဆင်မပြေရင် ချည်သားကို ပြောင်းဝတ်ပြီးအိပ်ကြည့်ပါ။ ချည်သား ကိုဝတ်အိပ်တာက အိပ်မပျော်ခြင်းကို တိုက်ဖျက်ပေးပါတယ်။

Skin Type

ချည်သားအိပ်ယာထဲမှာ ဘက်တီးရီးယားပေါက်ဖွားနိုင်ခြေဟာ အလွန်ရှားပါးပါတယ်။ ဓာတုကင်းစင်တဲ့ သဘာဝအထည်တွေဖြစ်တာကြောင့် ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေအတွက်ပါ ချည်သားက သင့်တော်ပါတယ်။

ယားယံခြင်း

ချွေးတွေ အရေပြားထဲမှာ ပိတ်မိတဲ့အခါ အပူဖုတွေ ယားယံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခုလိုပူအိုက်တဲ့ညတွေမှာ လေဝင်လေထွက်ကောင်းတဲ့ချည်သားတွေကို ရွေးချယ်သင့်ပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

တကယ်လို့ သင်က ပန်းနာရင်ကျပ် သို့မဟုတ် ရင်ကြပ်ရောဂါရှိနေတဲ့လူဆိုရင်တော့ ချည်သားက သင့်အတွက် အကောင်းဆုံးပါပဲ။

စိတ်ဖိစီးမှု

ကောင်းစွာအိပ်စက်ခြင်းက စိတ်ဖိစီးမှုတွေကို ပြေပျောက်စေနိုင်ပါတယ်။ ပျော့ပျောင်းပြီး သက်တောင့်သက်သာရှိစေတဲ့ချည်သားက သင့်ကို ညဘက်တွေမှာ ကောင်းစွာအိပ်စက်နိုင်ဖို့ အများကြီးအထောက်အကူပြုမှာပါ။