မျိုးရိုးဗီဇကြောင့်ဖြစ်စေ စိတ်ဖိစီးမှုတွေကြောင့်ဖြစ်စေ ဆံပင်ကျွတ်တဲ့ပြဿနာကို တော်တော်များများ ရင်ဆိုင်နေကြရပါတယ်။ ဆံပင်ကျွတ်သက်သာစေတဲ့ ခေါင်းလျှော်ရည်တွေ အမျိုးမျိုးသုံးနေပေမယ့် မသက်သာဘူးဖြစ်နေရင် Rosemary Oil ကို သုံးကြည့်ပါ။ Rosemary Oil မှာ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးများစွာ ရှိတာကြောင့် ဦးအရေပြားကို အစိုဓာတ်ထိန်းပေးပြီး ဆံကေသာကို ကျန်းမာစေပါတယ်။

ရေဓါတ်

ဆံပင်ရဲ့ရေဓာတ်ကို ထိန်းသိမ်းပေးဖို့ သဘာဝ Moisturizer အဖြစ် Rosemary oil ကို တခြား oil ဥပမာ-jojoba တို့နဲ့ အတူတွဲပြီး သုံးလို့ရပါတယ်။

ဆံသားကြီးထွားမှု

Rosemary oil က ဆံပင်ပေါက်ဖို့ ကူညီပေးနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ Carnosic Acid က အာရုံကြောပျက်စီးမှု၊ တစ်သျှူးပျက်စီးမှုကို ကုစားပေးပြီး ဆဲလ်များပြောင်းလဲခြင်းကို မြှင့်တင်ပေးနိုင်တာကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

ဦးရေပြားယားယံခြင်း

Rosemary Oil အသုံးပြုသူအများစုက ဦးရေပြားယားယံမှု မရှိသလောက်နည်းပါးပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ ရောင်ရမ်းမှုကို ဆန့်ကျင်သည့် ဂုဏ်သတ္တိများ ကြွယ်ဝစွာပါဝင်တာကြောင့်ပါ။

ဗောက်ထခြင်း

Rosemary oil က ဦးရေပြားကို သွေးလည်ပတ်မှု ကောင်းမွန်စေတဲ့အပြင်ဆံပင်မွေးညင်းပေါက်တွေကို ပိတ်ဆို့စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးတာကြောင့် ဗောက်ထခြင်းကနေ ကာကွယ်ပေးပါတယ်။

ဆံပင်ကျွတ်ခြင်း

Rosemary oil ကို ပုံမှန်သုံးပေးရင် ဆံပင်ကျွတ်သက်သာစေပြီး အဖျားတွေခြောက်သွေ့တာ နှစ်ခွဖြစ်စေတာကို ကာကွယ်ပေးပါတယ်။