ဒူးမဲနေလို့ ဒူးဖြူလာချင်တယ်ဆိုရင် ဒီတိုင်းနေလို့တော့မရပါဘူး။ သက်သာအောင်လုပ်လို့ရတဲ့ နည်းလမ်းတွေကို စိတ်ရှည်ရှည်နဲ့ လုပ်ကြည့်မှပဲ ရမှာပါ။ ဒါမှ ဒူးမဲတာက ဖြေးဖြေးချင်းစီ သက်သာလာပြီး ဖြူလာမှာပါ။ ဒါကြောင့် ဒူးမဲတာသက်သာစေမယ့် လုပ်ရတာလွယ်ကူသော သဘာဝနည်းလမ်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။
Green Tea
ရေနွေးပူတစ်ခွက်ထဲကို Green Tea Bag တစ်ထုပ်ထည့်ပြီး အအေးခံထားပါ။ အေးသွားရင် Green Tea Bag ကို ဖယ်ထုတ်ပြီး အဲ့ဒီအရည်ကို ဂွမ်းလုံးနဲ့ယူကာ ဒူးခေါင်းကို ပွတ်ပေးပါ။ ခဏခဏသာပွတ်ပေးပါ။ အနည်းဆုံး တစ်နေ့ကို ၂ ကြိမ်၊ ၃ ကြိမ်တော့ ပုံမှန်ပွတ်ပေးပါ။ ဒူးမဲတာ သက်သာလာစေပါတယ်။
ရှားစောင်းလက်ပတ်ဂျယ်လ်
ရှားစောင်းလက်ပတ်ဂျယ်လ်ကို စားပွဲတင်ဇွန်း ၁ ဇွန်းစာ ခြစ်ယူပြီး ဒူးခေါင်းကို ပွတ်လိမ်းပေးပါ။ နေ့တိုင်းသာ ပွတ်လိမ်းပေးမယ်ဆိုရင် ဒူးမဲတာ သက်သာလာမှာပါ။ ရှားစောင်းလက်ပတ်အပင်က အတွင်းသားဂျယ်လ်ကို ယူလိမ်းပေးရမှာ ဖြစ်ပါတယ်။
Baking Soda
Baking Soda – စားပွဲတင်ဇွန်း ၁ ဇွန်းကို နွားနို့ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပြီး ဒူးခေါင်းကို Circular Motion ပွတ်ပေးပါ။ ၃ မိနစ်လောက်ပွတ်ပြီးရင် ရေဆေးချလိုက်ရုံပါပဲ။ တစ်ပတ်တစ်ကြိမ်သာ ပုံမှန်လုပ်ပေးရင် ဒူးမဲတာ သက်သာလာမှာပါ။
Apple Cider Vinegar
Apple Cider Vinegar နဲ့ ရေကို ဆတူရောမွှေပြီး ဂွမ်းလုံးလေးနဲ့ယူကာ ဒူးကိုပွတ်ပေးရမှာပါ။ ပြီးရင် ၁၅ မိနစ်ထားပြီးမှ ရေနဲ့သန့်စင်ပါ။ နေ့တိုင်းသာ ပွတ်ပေးမယ်ဆိုရင် ဒူးမဲတာ သက်သာလာစေပါတယ်။
Scrub
တစ်ပတ်တစ်ကြိမ် (သို့) တစ်ပတ်နှစ်ကြိမ် Scrub ပုံမှန်တိုက်ပေးပါ။ ပြီးရင် ဒူးခေါင်းကို Lotion နဲ့ Vitamin E Oil (သို့) Body Oil တစ်ခုခုနဲ့ ရောလိမ်းပါ။ ဒူးမဲတာ သက်သာစေပါတယ်။ အသားခြောက်ရင် ဒူးမဲတာက ပိုဆိုးစေပါတယ်။ ဒါကြောင့် အမြဲတမ်း ဒူးခေါင်းကို Lotion လိမ်းဖို့ Oil တစ်ခုခုလိမ်းပေးဖို့လည်း မမေ့ပါနဲ့။