မင်္ဂလာပါ… ပျိုမဒီတို့ရေ… ဝက်ခြံထွက်တတ်တဲ့လူတွေက တစ်ခြားအသားအရေပိုင်ရှင်တွေထက် ပိုပြီးဂရုစိုက်ရပါတယ်နော်။ အသုံးပြုတဲ့အခါမှာလည်း အရေပြားကို သန့်ရှင်းစေရုံသာမက ဝက်ခြံကို ကုသဖို့နဲ့ ကာကွယ်ဖို့ အထောက်အကူဖြစ်စေတဲ့ ပါဝင်ပစ္စည်းတွေပါဝင်တဲ့ Skin Care များကို ရွေးချယ်သင့်ပါတယ်။ ဒါကြောင့် ဝက်ခြံထွက်တတ်တဲ့အသားအရေပိုင်ရှင်တွေ မျက်နှစ်သစ်ဆေးအတွက် ရှာနေတယ်ဆိုရင် အထောက်အကူဖြစ်စေဖို့ ဝက်ခြံအတွက် သင့်တော်တဲ့ မျက်နှာသစ်ဆေးတွေကို ဝေမျှလိုက်ပါတယ်နော်။

Kate Somerville EradiKate Daily Cleanser Acne Treatment

ဒီမျက်နှာသစ်ဆေးက ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံထွက်တာကို လျှော့ချဖို့ ကူညီပေးပါတယ်။

PanOxyl Acne Foaming Wash

ဒီ cleanser က ခရင်မ်ဆိုပေမယ့် မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူ ဆေးလို့ရပြီး အသားအရေကို တင်းတင်းရင်းရင်းကြီးဖြစ်တယ်လို့ ခံစားရမှာ မဟုတ်ပါဘူး။

CeraVe Acne Foaming Cream Cleanser

ဒီမျက်နှာသစ်ဆေးက ဝက်ခြံကို အဓိကပစ်မှတ်ထားပြီး အရေပြားကို ချောမွေ့စေပါတယ်။

La Roche-Posay Effaclar Medicated Gel Acne Cleanser

ဒီမျက်နှာသစ်ဆေးကိုတော့ ဝက်ခြံအကြီးကြီးတွေကို ကုသဖို့ အရေပြားအထူးကုဆရာဝန်များက အကြံပြုထားပါတယ်။

Neutrogena Oil-Free Acne Face Wash

ဒီမျက်နှာသစ်ဆေးက Oil-Free ဖြစ်တာကြောင့် အဆီများတဲ့အသားအရေအတွက် အကောင်းဆုံးပါ။

SkinCeuticals LHA Cleanser Gel

မိတ်ကပ်ဖျက်ဆေးသုံးဖို့ အချိန်မရှိတဲ့အချိန်မျိုးတွေမှာ မိတ်ကပ်၊ အညစ်အကြေးနဲ့ အဆီတွေကို ပြောင်စင်စေတဲ့ အားကောင်းတဲ့အတွက် ဒီမျက်နှာသစ်ဆေးက ဝက်ခြံတွေကို ထိန်းချုပ်ချင်သူတွေအတွက် အကောင်းဆုံးပါ။

Cetaphil Acne Face Wash

ဒီမျက်နှာသစ်ဆေးက ခြောက်သွေ့မှုမရှိဘဲ မနက်ရော ညရော အသုံးပြုလို့ ရလောက်အောင် နူးညံ့ပါတယ်။