မိတ်ကပ်လိမ်းတာကို သဘောကျလားရှင့်။ မိတ်ကပ်လိမ်းတာဟာ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့နဲ့ ပိုပြီးလှဖို့လိမ်းကြတာပါ။ ဒါ့အပြင် မိမိမျက်နှာမှာရှိတဲ့ အပြစ်အနာဆာတွေကို ဖုံးဖို့ လိမ်းကြတာဖြစ်ပါတယ်။
၁။ မျက်နှာကို သေချာသန့်စင်ပါ
မိတ်ကပ်မလိမ်းခင် မျက်နှာကို သေချာလေး သန့်စင်ပါ။ အညစ်အကြေးတွေ အားလုံးကို သန့်စင်အောင် မျက်နှာသေချာသစ်ပါ။ ပြီးရင် Toner နဲ့ ထပ်ပြီး သန့်စင်လိုက်ပါ။
၂။ Moisturizer လိမ်းပါ
သင့်ရဲ့ မျက်နှာကို မိတ်ကပ်မလိမ်းခင် အသားအရေ စိုပြေနေစေဖို့ Moisturizer လိမ်းပေး ရပါတယ်။ ၂ မိနစ်၊ ၃ မိနစ်လောက် ထားပြီးမှ ဖောင်ဒေးရှင်းစလိမ်းပါ။
၃။ ဖောင်ဒေးရှင်းလိမ်းမယ်
ဖောင်ဒေးရှင်းကို နဖူး၊ ပါး၊ မေးရိုး စတဲ့နေရာတွေမှာ လိမ်းထားပေးပြီး Brush နဲ့ သေချာလေး Blend လုပ်ပေးလိုက်ပါ။
၄။ မျက်ကွင်းညိုတာတွေ၊ အပြစ်အနာဆာတွေကို ဖုံးလိုက်ပါ
သင့်ရဲ့ မျက်ကွင်းအောက်နားကို Concealer နဲ့ တခြား အမည်းစက်တွေ အပြစ်အနာဆာတွေရှိတဲ့နေရာကို လိမ်းပေးလိုက်ပါ။ ပြီးသွားရင်တော့ သေချာလေး Blend လုပ်ပေးလိုက်ပါ။
၅။ Contour နဲ့ Highlight လုပ်ပေးပါ
သင့်ရဲ့ ပါးရိုးတွေ ပေါ်အောင် Contour ကို ပါးရိုးအောက်နှစ်ဖက်၊ မေးရိုးနဲ့ နဖူးနားမှာ လိမ်းပေးလိုက်ပါ။ Highlighter ကိုလည်း မျက်ခုံးရိုး၊ မေးရိုးအပေါ်၊ နှာခေါင်းအလည်၊ မေးစေ့၊ နှုတ်ခမ်းအပေါ်နားမှာ လိမ်းပေးပြီး အကုန်လုံးကို သေချာ Blend လုပ်ပေးပါ။
၆။ ပေါင်ဒါလိမ်းမယ်
သင့်ရဲ့ မျက်နှာကို Loose Powder ခပ်ပါးပါးလေး လိမ်းပေးလိုက်ပါ။
၇။ မျက်ခုံးမွှေးဆွဲပါ
မျက်ခုံးမွှေးကို သေချာလေး ပုံဖော်ပြီး ဆွဲပေးပါ။ မျက်ခုံးမွှေးဟာ လူတစ်ယောက်ရဲ့ ရုပ်သွင်ပြင်အတွက် သိပ်ကို အရေးပါလှပါတယ်။ မျက်ခုံးမွှေးကို သေသပ်လှပအောင်ဆွဲပေးတာဟာ သင့်ကို ပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။
၈။ Eyeshadow နဲ့ Liner ဆိုးပေးပါ
ထသွားထလာမို့ Eyeshadow မဆိုးချင်လည်းရပါတယ်။ Liner မဆိုးချင်လည်း ကိစ္စမရှိပါဘူး။ ဒါပေမယ့် ဆိုးချင်တဲ့သူတွေအတွက်လည်း Eyeshadow နဲ့ Liner ကိုသေချာလေး ဆိုးပေးလိုက်ပါ။ ပြီးရင် မျက်တောင်ကော့တံနဲ့ ကော့ပေးလိုက်ပြီး Mascara ဆိုးပေးလိုက်ပါ။
၉။ နှုတ်ခမ်းနီဆိုးပါ
နှုတ်ခမ်းနီကို အရောင်ဖျော့ဖျော့ပဲဖြစ်ဖြစ် အရောင်ရင့်ရင့်ပဲဖြစ်ဖြစ် ဆိုးပေးနိုင်ပါတယ်။ ထသွားထလာဆိုရင်တော့ အရောင်ဖျော့တာလေးက ပိုပြီး သင့်တော်ပါတယ်။