Makeup လိမ်းရင် ကြည်ကြည်ပြောင်ပြောင်လေးနဲ့ Glow နေတာမျိုးကိုပဲ ကြိုက်တယ်ဆိုရင်တော့ Foundation ကို သေချာရွေးဝယ်ဖို့လိုပါတယ်။ ကိုယ့်သုံးတဲ့ Foundation ကောင်းလေ Makeup Look ပိုလှလေပါပဲ။ ဒါကြောင့် Dewy Glow Look အပြည့်အဝရစေမယ့် အကောင်းဆုံး Serum Foundation တွေကို မျှဝေပေးလိုက်ပါတယ်။

LYS Beauty Triple Fix Serum Foundation

2021 အတွက် Best of Beauty Award ရထားတဲ့ Foundation ဖြစ်ပါတယ်။ Medium-coverage ဖြစ်ပြီး ရွေးချယ်စရာ Shades 35 မျိုးရှိပါတယ်။ အသားအရေအတွက် Hyaluronic Acid, Turmeric, Avocado Oil စတာတွေလည်း ပါဝင်ပါတယ်။ လိမ်းထားရင် Natural ဆန်ပြီး Glow နေမယ့် Look လေးရစေပါတယ်။

Westman Atelier Vital Skincare Dewy Foundation Drops

Serum Foundation ပေမယ့် လိမ်းထားရင် Long Lasting ဖြစ်ပြီး မိတ်ကပ်သားလည်း အရမ်းလှပါတယ်။ ရွေးချယ်စရာ Shades 20 ရှိပြီး Medium-coverage ဖြစ်ပါတယ်။ Hydrating Tsubaki Oil, Brightening Ginseng, Healing Pomegranate Extract တွေ အဓိကပါတာကြောင့် အသားအရေအတွက် အထူးပြောစရာမလိုအောင် ကောင်းမွန်ပြီးသားပါ။

L’Oréal Paris Age Perfect Radiant Serum Foundation with SPF 50

Vitamin B3 ပါတဲ့အပြင် SPF 50 ပါလို့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးပြီးသား ဖြစ်ပါတယ်။ လိမ်းရတာ အရမ်း Lightweight ဖြစ်ပြီး Fragrance-free ဖြစ်ပါတယ်။ ရွေးချယ်စရာ Shades 30 ရှိပြီး လိမ်းထားရင် Cakey လုံးဝမဖြစ်ပဲ မိတ်ကပ်သားလည်း အရမ်းလှပါတယ်။

Ilia True Skin Serum Foundation

လိမ်းလိုက်ရင် အသားအရေက Smooth ဖြစ်ပြီး မိတ်ကပ်သားအရမ်းလှပါတယ်။ လိမ်းရတာ Lightweight ဖြစ်ပြီး ရွေးချယ်စရာ Shades 30 ရှိပါတယ်။ အသက် 16 နှစ်ကနေ 65 နှစ်အထိ သုံးလို့ရတယ်လို့ ပြောထားတဲ့ Foundation ဖြစ်ပါတယ်။ Glow တာမှကြိုက်တဲ့သူတွေအတွက် အရမ်းမိုက်တဲ့ Foundation ပါပဲ။

KVD Beauty Good Apple Serum Foundation

Long Lasting ဖြစ်ပြီး တစ်နေကုန် ကြည်ပြီး Glow ထွက်နေမယ့် Foundation မျိုးပါ။ ဒါ့အပြင် ရွေးချယ်စရာ Shades 40 တောင်ရှိလို့ ကိုယ့်အသားအရေနဲ့ ကိုက်ညီတာမျိုးကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။