မိတ်ကပ်က အမြဲပြင်နေကျမဟုတ်လို့ အများကြီးမဝယ်ချင်ဘူး၊ Budget လည်းချွေတာချင်တယ်ဆိုတဲ့ သူတွေအတွက် အဓိကအနေနဲ့ပဲ ဝယ်ဖို့လိုအပ်တဲ့ မိတ်ကပ်ပစ္စည်း ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
Foundation
မိတ်ကပ်ပြင်မှ Foundation ကလိုပါပြီ။ Foundation ကို ကိုယ်အသားအရေနဲ့ အဆင်ပြေတာမျိုး ရွေးသုံးပေးပါ။ Foundation လိမ်းတဲ့အခါမှာ လက်နဲ့မလိမ်းပဲ Makeup Sponge, Makeup Brush လေးတွေနဲ့ လိမ်းပေးပါ။
Setting Powder
Foundation လိမ်းပြီးရင် မိတ်ကပ်သား သိပ်သိပ်ညက်ညက်လေး ဖြစ်စေဖို့အတွက် Setting Powder လိုပါတယ်။ မိတ်ကပ်လိမ်းထားတာကြာလို့ မိတ်ကပ်နည်းနည်းပျက်လာလို့၊ မျက်နှာမဲလာလို့ဆိုလည်း Setting Powder လေးထပ်လိမ်းလိုက်ရုံပါပဲ။
မျက်ခုံးမွှေးဆွဲဖို့
မိတ်ကပ်ပြင်ရင် မျက်ခုံးမွှေးမဆွဲပဲမနေပါနဲ့။ မျက်ခုံးမွှေးဆွဲဖို့အတွက် Eyebrow Pencil (သို့) Eyebrow Gel (သို့) Brow Gel လေးဝယ်ထားပါ။ မျက်ခုံးမွှေးရှိပြီးသားသူဆိုရင် မဆွဲပဲနဲ့ Brow Gel လေးနဲ့ဖြီးလိုက်ရုံနဲ့တင် အဆင်ပြေနေပါပြီ။
Mascara
မျက်တောင်လေးတွေ ကော့ပြီးထူထူလေးဖြစ်နေရင် ကိုယ်လိမ်းထားတဲ့မိတ်ကပ် Look လေး ပိုလှပါတယ်။ အဓိကကတော့ မျက်ဝန်းအလှလေး ပိုပေါ်လွင်စေပါတယ်။ ဒါကြောင့် Mascara ရှိထားသင့်ပါတယ်။
နှုတ်ခမ်းနီ
နှုတ်ခမ်းနီကတော့ မရှိမဖြစ်ပါပဲ။ မိတ်ကပ်မပြင်ပဲ နှုတ်ခမ်းနီလေးပဲ ဆိုးလိုက်ရင်တောင်မှ မျက်နှာလေးလန်းပြီး လှသွားပါတယ်။ ဒါကြောင့် နှုတ်ခမ်းနီနဲ့ပဲ ပါးနီခြယ်လို့ရသလို Eyeshadow အဖြစ်နဲ့လည်း ခြယ်ပြီးသုံးလို့ရပါတယ်။ ဒါကြောင့် နှုတ်ခမ်းနီကိုတော့ အနည်းဆုံး ၂ ရောင်လောက် ရှိထားသင့်ပါတယ်။