အသားအရေကောင်းဖို့၊ အရွယ်တင်နုပျိုဖို့အတွက်ဆိုရင် Skincare လိမ်းဖို့လိုပါတယ်။ ဆယ်ကျော်သက်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ အသက်အရွယ်တိုင်းအတွက် အဓိကလိုအပ်တဲ့ Skincare ပစ္စည်း ၇ မျိုး ရှိပါတယ်။

Cleansing Water

တချို့က မိတ်ကပ်လိမ်းမှ Cleansing Water ကိုသုံးကြပါတယ်။ တကယ်တော့ တစ်နေကုန်ကပ်နေတဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို Cleansing Water နဲ့ ဖျက်ပေးတာက ပိုပြီးပြောင်ပါတယ်။ အညစ်အကြေးတွေမပြောင်ရင် Skincare ဘယ်လောက်လိမ်းလိမ်း အလကားပါပဲ။ မနက်ပိုင်းသုံးစရာမလိုပါဘူး။ ညဘက်ပဲသုံးရမှာပါ။

Cleanser

Cleanser မျက်နှသစ်ဆေးကတော့ မနက်ညသုံးရမှာပါ။ ဒါကြောင့် မရှိမဖြစ်ကို လိုအပ်ပါတယ်။

Toner

ဆယ်ကျော်သက်အရွယ်မှာဆိုရင် Hydrating Toner လောက်ပဲသုံးပြီး အသက် ၂၀ ကျော်လာတဲ့အခါမှာတော့ ကိုယ့်အသားအရေနဲ့ အဆင်ပြေတာမျိုးကို ရွေးသုံးပါ။ အသက် ၃၀ ဝန်းကျင် ဖြစ်လာတဲ့အခါမှာတော့ Anti-aging အတွက် Toner ကို ပြောင်းသုံးနိုင်ပါတယ်။

Moisturizer

Moisturizer ကတော့ အဓိကက Hydrating ကောင်းကောင်းပေးနိုင်တာမျိုး၊ ကိုယ့်အသားအရေအတွက် အဆင်ပြေတာမျိုးကိုသာ သုံးပေးပါ။ ဘာမှမလိမ်းရင်တောင်မှ Moisturizer ကိုတော့ လိမ်းပေးဖို့လိုပါတယ်။

Eye Cream

လူတစ်ယောက်ရဲ့အသားအရေက အိုမင်းရင့်ရော်လာပြီဆိုရင် မျက်လုံးနားတစ်ဝိုက် အသားအရေက အဓိကပါပဲ။ မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေပေါ်လာပြီဆိုရင် ပုံမှန်ထက်ပိုပြီး အိုမင်းရင့်ရော်လာတာပါပဲ။ ဒါကြောင့် ဆယ်ကျော်အသက်အရွယ်ထဲက အသက်ကြီးသွားတဲ့အထိ Eye Cream ကောင်းကောင်းလေး သုံးပေးပါ။

Sunscreen

နေလောင်ဒဏ်ကာကွယ်ဖို့အတွက် ဆယ်ကျော်သက်အရွယ်ထဲက အသက်ကြီးတဲ့အထိ Sunscreen သေချာလိမ်းပေးရပါမယ်။ Sunscreen မလိမ်းတဲ့အခါမှာရလာမယ့် နောက်ဆက်တွဲဆိုးကျိုးကတော့ တင်းတိတ်နဲ့ အမဲစက်တွေထွက်လာပြီး အရေးအကြောင်းတွေ မြန်မြန်ဖြစ်လာပါမယ်။

Serum

ဆယ်ကျော်သက်အရွယ်မှာ Serum မသုံးချင်သေးဘူးဆိုရင်တောင်မှ အသက် ၂၅ ကျော်လာရင်တော့ Anti-aging Serum တစ်ခုခုကို သုံးပေးသင့်ပါပြီ။ Serum သုံးပေးတာက ထိရောက်တဲ့ Effect ကို ရစေပါတယ်။