စာဖတ်သူတို့ရေ ကိုယ်ငယ်စဥ်ကလေးဘဝတုန်းက ကြည့်ခဲ့ရတဲ့ ဒစ်စနေး ကာတွန်းဇာတ်ကောင်တွေသာ ကိုယ့်ရဲ့တစ်နေ့တာဘဝမှာ ရောက်လာခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်နေမလဲဆိုတာမျိုးကို စိတ်ကူးကြည့်မိဖူးပါသလား?

အခုခေတ်လိုမျိုး တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာလောကကြီးထဲမှာတော့ ကိုယ်စိတ်ကူးခဲ့တာလေးတွေကို လက်တွေ့မှာ ချရေးဆွဲကြည့်ပြီး ပုံဖော်ကြည့်လို့ရနေပါပြီ။ အခုလိုမျိုး ဖြစ်နိုင်တယ်ဆိုတာကို Samuel MB ဆိုတဲ့ အနုပညာရှင်က သူရေးဆွဲခဲ့တဲ့ ပုံလေးတွေနဲ့အတူ သက်သေပြနေပါတယ်။

Photoshop ကို အသုံးပြုပြီး သူ့ရဲ့ဓာတ်ပုံတွေထဲမှာ ဒစ်စနေးကာတွန်းဇာတ်ကောင်တွေကို ထည့်ပြီးရေးဆွဲခဲ့တာက ဘယ်လိုမျိုးတွေ စိတ်ဝင်စားဖို့ကောင်းသလဲဆိုတာကို အခုပဲ အတူတူကြည့်လိုက်ရအောင်ပါ။

Image Credit to samuelmb1991