Healthy Skin လိုချင်တယ်ဆိုရင်တော့ အသားအရေကို သေချာဂရုစိုက်ပေးမှပဲ ရပါမယ်။ မျက်နှာသစ်၊ Toner လိမ်း Cream တစ်ခုခုလိမ်းရုံနဲ့တော့ မရပါဘူး။ Healthy Skin ရဖို့အတွက် နေ့စဉ်ပုံမှန်လုပ်ဖို့၊ မမေ့သင့်တဲ့အရာ ၆ ခု ရှိပါတယ်။ ဒါတွေကို သေချာလုပ်ပေးမယ်ဆိုရင်တော့ Healthy Skin ကို ရရှိလာမှာပါ။

ရေများများသောက်ဖို့မမေ့ပါနဲ့

ရေသောက်နည်းနေရင်၊ ရေသောက်ဖို့မေ့နေရင် Healthy Skin ရမှာမဟုတ်ပါဘူး။ Healthy Skin ရဖို့ဆိုရင် ရေများများသောက်ပေးဖို့ လိုပါတယ်။ ဒါမှ အသားအရေကြည်ပြီး ကောင်းလာမှာပါ။ တစ်နေ့ကို ရေသန့်ဘူးကြီးနဲ့ ၄ ဘူးပုံမှန်သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။

Makeup လိမ်းတာလျှော့ပါ

Makeup အရမ်းလိမ်းရင် အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်ခြင်းတွေ ဖြစ်လွယ်ပါတယ်။ Makeup လိမ်းပြီး သေချာပြောင်အောင် Cleansing မလုပ်နိုင်ရင်လည်း အသားအရေညစ်လာမယ်၊ ချွေးပေါက်ပိတ်ပြီး ဝက်ခြံနဲ့ အဆီဖုတွေ ထွက်လာမှာပါ။

Cleansing လုပ်ဖို့မမေ့ပါနဲ့

Makeup လိမ်းသည်ဖြစ်စေ၊ မလိမ်းသည်ဖြစ်စေ တစ်နေကုန်ကပ်နေတဲ့ ဖုန်မှုန့် အညစ်အကြေးတွေနဲ့ Makeup အကြွင်းအကျန်တွေကို သေချာဖယ်ရှားပစ်နိုင်ဖို့ Cleansing သေချာလုပ်ပေးဖို့ လိုပါတယ်။ Cleansing Water (သို့) Makeup Remover နဲ့ သေချာဖျက်ပြီးမှ မျက်နှာသစ်ဆေးနဲ့ သစ်ပေးပါ။

Moisturizer လိမ်းဖို့မမေ့ပါနဲ့

Moisturizer မလိမ်းရင်တော့ အသားအရေခြောက်သွေ့ပြီး ကောင်းလာမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ Moisturizer ကို မနက်၊ ည ပုံမှန်လိမ်းပေးပါ။ အသားအရေကြည်လင်ပြီး Glow ချင်ရင်တော့ Serum ထပ်လိမ်းတာမျိုး လုပ်ပေးပါ။

Sunscreen လိမ်းဖို့မပျင်းပါနဲ့

Skincare တွေလိမ်းနေပြီး Sunscreen မလိမ်းရင်လည်း အလကားပါပဲ။ အသားအရေပျက်စီးပြီး အရေးအကြောင်းတွေ ဖြစ်လာမယ်၊ တင်းတိတ်အမဲစက်တွေ ထွက်လာပါမယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်းမှာ Sunscreen လိမ်းဖို့လိုပါတယ်။ ၄ နာရီခြားတစ်ခါလောက် ပြန်ပြီး Reapply လုပ်ပေးဖို့လည်း လိုပါတယ်။ နွေရာသီမှာဆိုရင် ပိုတောင်လိုအပ်ပါတယ်။

Exfoliate လုပ်ဖို့မမေ့ပါနဲ့

Exfoliate လုပ်ပေးမှ Dead Skin Cells တွေကို ဖယ်ရှားပေးပြီး အသားအရေကြည်လာမယ်၊ အသားအရေညစ်တာတွေ မဖြစ်ပဲ ကိုယ်လိမ်းတဲ့ Skincare တွေကိုလည်း ကောင်းကောင်းစုပ်ယူနိုင်မယ်၊ အသားအရေလည်း ပိုကောင်းလာပါမယ်။