မင်္ဂလာပါ ပျိုမေတို့ရေ။ ပေါ့ပေါ့ပါးပါး ဦးထုပ်လေးတစ်လုံး ကိုယ်နဲ့အမြဲဆောင်ထားတာက အပြင်ထွက်တိုင်း တကူးတက ထီးယူသွားဖို့ ပျင်းတဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်နော်။ ဒါ့အပြင် ဦးထုပ်တွေက ရွေးဝတ်တတ်ရင် ဝတ်တတ်သလို ကိုယ့်ရဲ့ဖက်ရှင်ကိုပါ ပိုပြည့်စုံအောင်ပံ့ပိုးပေးမှာပါ။ အခုလို နွေပြင်းတဲ့ ရာသီမှာဆို နေဒဏ်ကိုပါ ကောင်းကောင်းကာကွယ်ပေးမယ့် ဦးထုပ်တစ်လုံးရှိထားတာ မမှားပါဘူး။ ဒါကြောင့် ဟိုနားဒီနားပဲထွက်ရင်ပဲဖြစ်ဖြစ် ခရီးထွက်ရင်းပဲဖြစ်ဖြစ် အဆင်ပြေပြီး အထာကျလည်းကျမယ့် ဦးထုပ်ဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Pile Bucket Hat

နွေရာသီမှာ Bucket Hat အသေးတွေက ဆံပင်နဲ့ မျက်နှာတစ်ခုလုံးနေရောင်ကာပေးသလို ခေါက်ထည့်ရလည်းလွယ်တာမို့ တစ်လုံးလောက်ရှိထားသင့်တဲ့ ဦးထုပ်ပုံစံလေးပါ။ လူငယ်ဆန်တဲ့ အရောင်နုနုလေးတွေ ရွေးဝတ်ကြည့်ပါ။
Crochet Bucket Hat

Bucket Hat ကိုမှ အရောင်စိုစို ဒီဇိုင်းအစုံဖန်တီးလို့ရတဲ့ Crochet ဦးထုပ်လေးတွေကလည်း ဘယ်တော့မှမရိုးဘဲ ချစ်စရာကောင်းပါတယ်နော်။ ဓာတ်ပုံထဲမှာလည်း ထင်းတာမို့ မိန်းကလေးတိုင်း အကြိုက်တွေ့မှာပါ။
Wide Brim Straw Hat

ကမ်းခြေခရီးတွေသွားရင် ဝတ်လေ့ရှိတဲ့ Straw Hat တွေကလည်း နွေရာသီနဲ့အရမ်းလိုက်ဖက်ပြီး စတိုင်လည်းကျသလို နေရောင်ကို ထိထိရောက်ရောက်ကာပေးမှာပါ။
Reversible Sun Hat

နှစ်မျိုးလုံးလှည့်ပြီးသုံးလို့ရတဲ့ ဒီလို ဦးထုပ်လေးတွေကလည်း အခုနောက်ပိုင်း ခေတ်စားလာတဲ့ နွေရာသီ ဦးထုပ်တစ်မျိုးဖြစ်ပြီး ဆောင်းရလည်း ပေါ့ပါးပါတယ်။ Outfit နဲ့လိုက်တဲ့ အရောင်နုနုလေးတွေ ရွေးချယ်ပေးတာက ပိုကြည့်ကောင်းပြီး ဖက်ရှင်ကျစေမှာပါ။
Adjustable Bucket Hat

ကြိုးထိန်းပါတဲ့ Bucket Hat အကြီးတွေကလည်း လေတိုက်ရင်း ဦးထုပ်လွှင့်မှာကြောက်တဲ့ သူတွေအတွက် ကွက်တိပါပဲ။ ပန်းရောင်လို အရောင်နုနုလေးတွေ ရွေးဝတ်ကြည့်ပါ။ မိန်းကလေးဆန်ပြီး ချစ်စရာကောင်းစေပါလိမ့်မယ်။
Visor Cap

အရမ်းပူလို့ ဦးထုပ်ထူထူကြီးမဆောင်းချင်ဘူးဆိုရင် ဒီလို ခေါင်းတစ်ခုလုံးဆောင်းစရာမလိုဘဲ မျက်နှာကို နေရောင်တိုက်ရိုက်မထိအောင် ကာပေးမယ့် ဘေးပတ် နေကာဦးထုပ်လေးတွေ ဆောင်းကြည့်ပါနော်။
Ball Cap

Cap ဦးထုပ်လေးတွေကလည်း ပေ့ါပေါ့ပါးပါးနဲ့ အရမ်းလှတာမို့ တစ်လုံးလောက်ရှိထားရုံနဲ့ အရမ်းအသုံးဝင်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar