သင့်ဆံသားတွေက ဆံပင်ဆိုးထားတာကြောင့်၊ နေပူခဏခဏ ခံရတာကြောင့်၊ အပူခဏခဏ ထိတာကြောင့် စသဖြင့် အရင်လောက် မကောင်းတော့ဘူးဆိုရင် ဒီအကြောင်းအရာက သင့်အတွက် အသုံးဝင်ပါလိမ့်မယ်။

၁။ အပူသုံးတာ လျှော့ပါ

ခြောက်သွေ့တဲ့ ဆံပင်က အပူကို ကြောက်ပါတယ်။ သင်က ဆံသားမကောင်းဘူးဆိုရင် ကောက်စက်၊ ဖြောင့်စက် သုံးတာတွေကို တစ်ပတ်မှာ တစ်ခါ၊ နှစ်ပတ်တစ်ခါ၊ တစ်လမှာ တစ်ခါ စသဖြင့် တဖြည်းဖြည်း လျှော့သွားသင့်ပါတယ်။

၂။ အစိုဓာတ်ဖြည့်ပါ

ပျက်စီးတဲ့ ဆံသား ပြန်ကောင်းလာဖို့ အစိုဓာတ် ဖြည့်ပေးသင့်ပါတယ်။ ဒါအတွက် အထူးတလည် လုပ်နေစရာမလိုဘဲ ခေါင်းလျှော်ပြီးရင် ဆံပင် အစိုဖြည့်ပေးတဲ့ ဆီတွေ၊ Serum တွေ၊ Spray တွေ သုံးပေးရုံပါပဲ။ Argan Oil ပါတဲ့ Conditioner ကလည်း ပျက်စီးတဲ့ ဆံသားအတွက် သင့်တော်ပါတယ်။

၃။ ရှန်ပူအရမ်းမသုံးပါနဲ့

သင်က နေ့တိုင်း ခေါင်းလျှော်သူဆိုရင် ဒါကို ပြင်သင့်ပါတယ်။ ရှန်ပူက ဆံသားကို ပျက်စီးစေနိုင်ပါတယ်။

၄။ မှန်ကန်တဲ့ ဘရပ်ရှ်ကို သုံးပါ

ကိုယ့်ဆံသားအတွက် ရည်ရွယ်တဲ့ ခေါင်းဖြီးကို သုံးပေးသင့်ပါတယ်။ Detangle Comb က ပျက်စီးတဲ့ ဆံကေသာအတွက် သင့်တော်ပါတယ်။

၅။ အုန်းဆီသုံးပါ

အုန်းဆီက ဆံသားကို အစိုဓာတ်ဖြည့်ပေးတဲ့အပြင် ဆံသားတောက်ပစေနိုင်ပါတယ်။

၆။ ဆံသားပုံသွင်းတဲ့ Product တွေကို လျှော့သုံးပါ

ဆံပင်ပုံသွင်းတဲ့ Spray တွေ Mousse တွေ Gel တွေထဲမှာ Chemical တွေပါဝင်တာကြောင့် ဆံပင်ပျက်စီးစေနိုင်ပါတယ်။ အစိုဓာတ် Product နဲ့ အပူကာပေးတဲ့ Product တို့ကိုပဲ အမြဲသုံးပေးသင့်ပါတယ်။

၇။ မှန်ကန်စွာ စားသုံးပါ

သင်စားတဲ့ အစားအသောက်တွေကလည်း ဆံသား ပျက်စီးစေနိုင်ပါတယ်။ ဆံပင်က ပရိုတင်းနဲ့ ဖွဲ့စည်းထားတာကြောင့် သင်စားတဲ့ အစားအသောက်ထဲမှာ ပရိုတင်းနဲ့ Healthy Fat တွေပါဝင်အောင် စားပေးသင့်ပါတယ်။

Photo Source: Pinterest

by MyStyle Myanmar