နှုတ်ခမ်းနီဆိုးတဲ့အခါမှာ လှပသေသပ်ပြီး နှုတ်ခမ်းသားလည်း ပျက်စီးမှုမရှိအောင် ဘယ်လိုဆိုးရမလဲတဲ့ ဆိုးပုံဆိုးနည်းအဆင့်ဆင့်ကို ပြောပြပေးလိုက်ပါတယ်။ နှုတ်ခမ်းနီဆိုးတာကလည်း သေချာမဆိုးရင် နှုတ်ခမ်းအလှပျက်စေပါတယ်။ Matte Type နှုတ်ခမ်းနီတွေကို ဒီတိုင်းဆိုးတာများရင်လည်း နှုတ်ခမ်းခြောက်စေပါတယ်။ ဒါကြောင့် ဒီနည်းအတိုင်းဆိုးပေးမယ်ဆိုရင် စိတ်ပူစရာမရှိတော့ပါဘူး။

Lip Scrub လုပ်ပါ

နှုတ်ခမ်းနီမဆိုးချင်မှာ ပထမဆုံးအနေနဲ့ Lip Scrub လုပ်ပေးခြင်းက နှုတ်ခမ်းမှာရှိတဲ့ Dead Cells တွေကို ဖယ်ရှားပေးပြီး နှုတ်ခမ်းသား ချော့မွေ့စေတဲ့အတွက် နှုတ်ခမ်းနီဆိုးရင် အဖတ်လန်တာတွေလည်း မဖြစ်စေပါဘူး။ Healthy Lip လည်း ရစေပါတယ်။

Lip Balm အရင်ဆိုးပါ

Lip Balm ဆိုးပြီးမှ နှုတ်ခမ်းနီဆိုးမယ်ဆိုရင် နှုတ်ခမ်းသားပျက်စီးမှု သက်သာစေပါတယ်။ နှုတ်ခမ်းခြောက်တာ၊ ကွဲတာမျိုးတွေလည်း မဖြစ်စေပါဘူး။ ဒါကြောင့် Lip Balm ခံဆိုးဖို့ မမေ့ပါနဲ့။

Lip Liner နဲ့ ပုံဖော်ပါ

Lip Liner နဲ့ နှုတ်ခမ်းပုံဖော်ပေးရင် နှုတ်ခမ်းနီဆိုးတဲ့အခါ ဘေးတွေချော်ထွက်တာမျိုး၊ ပေတာမျိုးတွေ မဖြစ်စေပါဘူး။ နှုတ်ခမ်းပုံလည်း ပိုပေါ်ပြီး သပ်သပ်ရပ်ရပ်လေးနဲ့ ပိုလှပါတယ်။

ကိုယ်ဆိုးချင်တဲ့နှုတ်ခမ်းနီဆိုးပါ

အပေါ်ကအဆင့်တွေ လုပ်ပြီးသွားရင်တော့ ကိုယ်ဆိုးချင်တဲ့ နှုတ်ခမ်းနီကို ဆိုးလို့ရပါတယ်။ နှုတ်ခမ်းနီကို Matte Type တွေ ခဏခဏမဆိုးပါနဲ့။ နှုတ်ခမ်းခြောက်စေပါတယ်။

Concealer သုံးပါ

နှုတ်ခမ်းနီဆိုးပြီးရင် နှုတ်ခမ်းဘေးအနားလေးတွေကို Concealer နဲ့ လိုက်ဖုံးပေးပါ။ Lip Brush နဲ့ယူပြီးလုပ်ပေးပါ။ နှုတ်ခမ်းဘေးတစ်ဝိုက်က မဲတတ်တဲ့အခါ Concealer နဲ့ဖုံးပေးရင် ပိုအဆင်ပြေပါတယ်။

နှုတ်ခမ်းထိပ်လေးကို Highlighter သုံးပါ

Glow တာကြိုက်တဲ့သူဆိုရင် အပေါ်နှုတ်ခမ်းထိပ်လေးကို Highlighter လေးနည်းနည်းခြယ်ပေးပါ။ ဒါဆိုရင် ပိုလှပါတယ်။

ဒီအဆင့်တွေအားလုံးပြီးသွားရင်တော့ Perfect ဖြစ်တဲ့ နှုတ်ခမ်းတစ်စုံဖြစ်ပြီး သပ်သပ်ရပ်ရပ်လေးနဲ့ လှနေမှာ သေချာပါတယ်။