Mascara ကို ဈေးအရမ်းများတာထဲကလည်း မသုံးချင်ဘူး ဈေးသင့်တင့်တာမျိုးပဲ သုံးချင်တဲ့သူတွေအတွက် ဈေးသင့်တင့်ပြီး Quality လည်းကောင်းတဲ့ အကောင်းဆုံးအဖြစ်နဲ့လည်း သတ်မှတ်ခံထားရတဲ့ Drugstore Mascara 8 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
Maybelline Great Lash Washable Mascara
သုံးရတာအဆင်ပြေပြီး ကော့လိုက်ရင် Natural Look လေးနဲ့ Long Lasting လည်း ဖြစ်စေပါတယ်။
Essence Cosmetics Lash Princess False Lash Effect Mascara
မျက်တောင်ထူထူရှည်ရှည်လေး ဖြစ်သွားစေတဲ့အတွက် လူကြိုက်များတဲ့ Mascara ဖြစ်ပါတယ်။
Maybelline Volum’ Express The Colossal Waterproof Mascara
Maybelline ရဲ့ Mascara တွေထဲမှာ လူကြိုက်များပါတယ်။ မျက်ရည်ကျလည်း မပျက်ဘူး၊ ချွေးထွက်လည်း မပျက်ဘူး၊ ရေစိုလည်းမပျက်ဘူးဆိုပြီး ပြောထားတဲ့ Waterproof Mascara ပါ။
L’Oréal Paris Double Extend Beauty Tubes Lengthening Mascara
Primer နဲ့ Mascara ဖြစ်တာကြောင့် မျက်တောင်လေးတွေကို Nourishing ဖြစ်စေပြီး သုံးလိုက်ရင်လည်း မျက်တောင်လေးတွေ ရှည်သွားစေပါတယ်။
CoverGirl Lash Blast Volume Mascara
မျက်တောင်ထူထူလေးတွေ ဖြစ်ချင်တဲ့သူတွေ သုံးသင့်တဲ့ Mascara ဖြစ်ပါတယ်။
L’Oréal Paris Telescopic Original Mascara
မျက်တောင်ရှည်ထွက်သွားပြီး Natural Look လေးရစေပါတယ်။ သူ့ရဲ့ Mascara အတံလေးကလည်း သေးသေးလေးမို့ သုံးရတာ အရမ်းအဆင်ပြေပါတယ်။ အောက်မျက်တောင်ပါ သုံးလို့အဆင်ပြေပါတယ်။
Essence Lash Princess Curl & Volume Mascara
မျက်တောင်လေးတွေ ကော့ပြီး ရှည်ထွက်သွားစေမယ့် Mascara ပါ။ Long Lasting လည်း ဖြစ်စေပါတယ်။
Neutrogena Healthy Lengths Mascara
Sensitive Eyes တွေအတွက် အကောင်းဆုံး Mascara ဖြစ်ပါတယ်။ Rice Protein, Vitamin E, Olive Oil ပါလို့ မျက်တောင်အတွက်လည်း အရမ်းကောင်းပါတယ်။