မင်္ဂလာပါ…. ပျိုမဒီတို့ရေ…. ပွဲတက်စရာရှိလို့ပဲဖြစ်ဖြစ် အပြင်သွားဖို့အတွက်ပဲဖြစ်ဖြစ် မိတ်ကပ်လိမ်းပြီးရင် နောက်ဆုံးအနေနဲ့ Setting Powder သုံးဖို့မမေ့ပါနဲ့နော်။  Loose  Setting Powder ကို ဘယ်လိုသုံးရမလဲ နဲ့ အထူးသဖြင့် Foundation လိမ်းပြီးရင် Powder ဘယ်လိုသုံးရမလဲဆိုတာ သိချင်နေရင် ဒီဆောင်းပါးလေးကို ဆက်ပြီး ဖတ်ပေးပါ။

Setting Powder ဆိုတာကဘာလဲ ?

Setting Powder ဆိုတာက အဆီပြန်တာကို လျော့နည်းစေပြီး တောက်ပတဲ့မျက်နှာလေးဖြစ်စေဖို့ ကူညီပေးတဲ့ အမှုန့်တစ်မျိုးပါ။

Setting Powder ဘယ်လိုအလုပ်လုပ်လဲ ?


Foundation အရည်ပေါ်မှာ ခြောက်သွေ့တဲ့ Setting Powder ကို သုံးရင် အဆင်ပြေပါ့မလား တွေးမိနိုင်ပါတယ်။ စိတ်မပူပါနဲ့ ။ အလှအပဆိုင်ရာအခြေခံအချက်တွေအရ အစိုနဲ့ ခြောက်သွေ့တဲ့ ထုတ်ကုန်တွေကို ပေါင်းစပ်လိုက်တဲ့အခါ မိတ်ကပ်သားကို ပိုပြီး ကြာရှည်ခံပါတယ်။

Setting Powder ကို ဘယ်မှာ လိမ်းရမလဲ ?

မိတ်ကပ်ကို ကြာရှည်ခံပြီး အပြစ်အနာအဆာကင်းတဲ့ အလှကို မိန်းကလေးတိုင်း လိုချင်ကြပါတယ်။ ဒါကြောင့် Setting Powder ကို နှာခေါင်း၊ မေးစေ့နဲ့ အဆီတွေစုတတ်တဲ့နေရာ ဒါမှမဟုတ် မိတ်ကပ်သားကြာရှည်ခံအောင်  သုံးလို့ရပါတယ်။

Setting Powder ကို ဘယ်လို လိမ်းရမလဲ ?

Setting Powder က လက်ချောင်းလေးတွေနဲ့လိမ်းလို့မရတဲ့ အလှကုန်ဖြစ်တာကြောင့် Setting Powder ကိုလိမ်းမယ်ဆို ဘရက်ရှ်တစ်ခု လိုအပ်ပါတယ်။