ဆံပင်ကို ဆိုင်မှာသွားဆိုးရင်တော့ ကျွမ်းကျင်ရာတွေက လုပ်ပေးတာဖြစ်လို့ သိပ်ပြီးစိတ်ပူစရာ မလိုပါဘူး။ အိမ်မှဆိုးရင်ကျတော့ ကိုယ်တိုင်က သေချာဂရုစိုက်ဖို့လိုပါတယ်။ အခန့်မသင့်ရင် ကိုယ်ပဲထိခိုက်မှာပါ။ ဒါကြောင့် သတိထားဆင်ခြင်လို့ရအောင် အိမ်မှာဆံပင်ဆေးဆိုးတဲ့အခါ ဘယ်တော့မှမလုပ်သင့်တဲ့ အရာ (၆) ခုကို ပြောပြပေးလိုက်ပါတယ်။

ဘူးခွံမှာရေးထားတဲ့စာကိုဖတ်ဖို့မမေ့ပါနဲ့

ဘူးခွံမှာရေထားတဲ့စာကို သေချာဖတ်မှ သူ့ရဲ့ဆိုးနည်းတွေအတိုင်း သေချာလုပ်လို့ရမယ်။ ဒါ့အပြင် Ingredients တွေထဲမှာ ကိုယ်နဲ့မတည့်တာတွေ ပါနေရင်လည်း အချိန်မှီသိပါမယ်။ ဆိုးပြီးမှဆိုရင် ကိုယ်ပဲထိခိုက်မှာပါ။

တစ်ဘူးထဲမဝယ်လာပါနဲ့

ကိုယ်က ဆံပင်တိုတယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမယ့် ဆံပင်ရှည်တယ်ဆိုရင်တော့ တစ်ဘူးထဲမဝယ်ပါနဲ့။ ဆိုးနေရင်းနဲ့မှ ကုန်သွားတယ် မလောက်ဘူးဆိုရင် တစ်ဝက်တစ်ပြတ်နဲ့ ဒုက္ခရောက်မှာပါ။ ဒီအချက်ကို သတိထားဖို့လိုပါတယ်။

အကာအကွယ်သုံးဖို့မမေ့ပါနဲ့

ဆံပင်ဆိုးဆေးတွေက Chemical များပြီး ပြင်းတဲ့အတွက် အသားအရေကိုထိရင် ဖုတွေထွက်တာ၊ နီမြန်းတာတွေ ဖြစ်စေပါတယ်။ အထူးသဖြင့် နဖူး၊ ပါး၊ မေးရိုး၊ နားနဲ့ဂုတ်ကို ထိတာများပါတယ်။ ဒါကြောင့် ဆံပင်ဆိုးတဲ့အခါမှာ ခံတဲ့ ပလက်စတစ်တွေကို ခံပေးဖို့ မမေ့ပါနဲ့။ နဖူးနဲ့နားကိုလည်း မထိအောင်လုပ်ပါ။ နားကို အကာအကွယ်အုပ်ထားပေးပါ။

ရေနွေးနဲ့ခေါင်းမလျှော်ပါနဲ့

ဆံပင်ဆေးဆိုးပြီးပြီးချင်း ခေါင်းလျှော်တဲ့အခါ ရေနွေးလုံးဝမသုံးပါနဲ့။ ရေနွေးသုံးရင် ဆံပင်အရောင်ကျပြီး ဦးရေပြားလည်း ထိခိုက်စေပါတယ်။

နောက်နေ့တွေခေါင်းမလျှော်ပါနဲ့

နောက်နေ့တွေခေါင်းမလျှော်ပါနဲ့ဆိုတာကတော့ ဆိုးပြီးပြီးချင်းမှာ ခေါင်းလျှော်ပြီးရင် နောက်ထပ် ၃ ရက်လောက်က ခေါင်းထပ်မလျှော်ပါနဲ့။ ခေါင်းထပ်လျှော်လိုက်ရင် ဆံပင်အရောင်တွေ ကျသွားပါလိမ့်မယ်။ ၅ ရက်လောက်နေမှ လျှော်တာကတော့ အကောင်းဆုံးပါပဲ။