လူတိုင်း ဓာတ်ပုံစားတယ်ဆိုတဲ့ အဆင့်ကို ရောက်နိုင်ပါတယ်။ ဓာတ်ပုံစားတယ်ဆိုတာ ဘယ်အချိန်ပဲ ဓာတ်ပုံရိုက်ရိုက် ကိုယ်က အမြဲ ကြည့်ကောင်းနေတာမျိုးပါ။ ဒီလို ဓာတ်ပုံစားဖို့ မှန်ကန်တဲ့ အလင်းရောင်နဲ့အတူ မှန်ကန်တဲ့ ပို့စ်တွေကို လိုအပ်ပါတယ်။ ပြောရမယ်ဆိုရင် ဘယ်လိုနေရင် ကိုယ်နဲ့ လှမလဲ စဉ်းစားရတာက စဉ်းစားလေ အိုင်ဒီယာပေါ်လေပါပဲ။ ဒီထဲမှာတော့ ဘယ်အချိန်ပဲ ရိုက်ရိုက် ဓာတ်ပုံထဲ လှနေစေမယ့် နည်းလမ်းတွေ ဖော်ပြထားပါတယ်။

၁။ သင့် မျက်နှာကို တခြားဘက် လှည့်ပေးပါ

ကင်မရာဆီကို မျက်နှာတည့်တည့်ထားပြီး ကြည့်မယ်ဆိုရင် မျက်နှာ မသွယ်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘေးဘက် ကြည့်နေတဲ့ ပို့စ်ကတော့ မျက်နှာပိုသွယ်တယ်ထင်ရစေပြီး သဘာဝ ကျတဲ့ ပို့စ်ဖြစ်ပါတယ်။

၂။ လည်ပင်းရှည်တဲ့ ပုံစံမျိုးရအောင် နေပါ

လည်ပင်းကို တည့်တည့်မတ်မတ်ထားကာ ပို့စ်ပေးတာက မေးနှစ်ထပ်ကိုပါ ကွယ်ပေးရာ ရောက်ပါတယ်။ လည်ပင်းကို ရှည်အောင် လုပ်လိုက်မယ်ဆိုရင် သင့်ပုံစံက ပိုလှသွားပါလိမ့်မယ်။

၃။ မေးစေ့ကို အောက်ဘက် နည်းနည်းချပါ

လည်ပင်းကို ရှည်အောင် ထားရမယ်ဆိုပေမယ့် မေးစေ့ကိုတော့ အောက်ဘက် ငုံ့ထားသင့်ပါတယ်။ ဒီလို အောက်ဘက် ငုံ့လိုက်မယ်ဆိုရင် မေးမော့နေတာထက် ပိုလှပါလိမ့်မယ်။

၄။ လျှာကို သွားနောက်ထားပါ

သွားစိပြီး ရယ်လိုက်တာက ကင်မရာထဲ ပိုကြည့်ကောင်းသွားတတ်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံရယ်မိတာမျိုး မဖြစ်အောင် လျှာကို သွားနောက် ကပ်ထားသင့်ပါတယ်။

၅။ အလင်းဘက်ကို တိုက်ရိုက်ကြည့်ပါ

အလင်းက သင့်ကို ထိုးရင် ဒီအလင်းဆီ တိုက်ရိုက်ကြည့်သင့်ပါတယ်။ ဒီလို ကြည့်လိုက်တဲ့အခါ သင့်မျက်လုံး ပိုတောက်ပသွားပြီး ပိုလှသွားပါလိမ့်မယ်။

၆။ ရယ်ပါ

အလှဆုံး ပုံတွေက သဘာဝဆန်ဆန် ပုံတွေ ဖြစ်လေ့ရှိပါတယ်။ သင့်ကို ဓာတ်ပုံရိုက်ပေးမယ့်သူကို သင်တခြားသူတွေနဲ့ ရယ်ပြီး စကားပြောနေတဲ့အချိန် ရုတ်တရက် ရိုက်ခိုင်းသင့်ပါတယ်။ သဘာဝ မဆန်တဲ့ ရယ်မောခြင်းတွေကတော့ ကင်မရာရှေ့ သဘာဝကျမှာ မဟုတ်ပါဘူး။

၇။ သင့်ပုံအဟောင်းတွေကို လေ့လာပါ

လူတိုင်းက ပုံစံအမျိုးမျိုး ရှုထောင့်အမျိုးမျိုးနဲ့ တစ်မျိုးစီ ဓာတ်ပုံထဲ လှတတ်ကြပါတယ်။ သင့်အတွက် အလှဆုံး Side ကို သိနိုင်ဖို့ သင့်ပုံအဟောင်းတွေကို လိုက်ကြည့်သင့်ပါတယ်။ ဒီလို ကြည့်ရင်း သင်နဲ့ အလိုက်ဆုံး ပုံစံကို သိလာပါလိမ့်မယ်။

Source: Allwomenstalk

By MyStyle Myanmar