အမျိုးသမီး ၁၀၀ မှာ ၇၀ လောက်က ဓမ္မာလာချိန်မှာ နာကျင်ကိုက်ခဲမှုတွေကို ခံစားရပါတယ်။ တချို့ဆိုရင် အရမ်းကို ပြင်းပြင်းထန်ထန် ခံစားရတာမျိုးတွေ ရှိပါတယ်။ ဒီလို အရမ်းပြင်းထန်တာမျိုးဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။

ဒါ့အပြင် ဓမ္မတာလာချိန်မှာခံစားရတဲ့ နာကျင်မှုတွေကို မေ့ပျောက်သွားစေမယ့် လွယ်ကူသော လေ့ကျင့်ခန်း ၅ ခုကိုလည်း မျှဝေပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း ၁

ပုံမှာလုပ်ပြထားသလို ခြေထောက်ကိုဆန့်ပြီး နဖူးက ဒူးနဲ့ထိနိုင်သလောက် ထိပေးပါ။ အဲ့အတိုင်း ၃ မိနစ်လောက် နေပေးရင် ရပါပြီ။

လေ့ကျင့်ခန်း ၂

Weight တုံးသေးတာလေးတွေကို လက်နဲ့ကိုင်ပြီး မလိုက်ပြန်ချလိုက် လုပ်ပေးပါ။ ဒါလည်း နာကျင်မှုတွေကို မေ့သွားစေနိုင်ပါတယ်။

လေ့ကျင့်ခန်း ၃

ခြေထာက်တစ်ဖက်ကိုဆင်းထားပြီး နောက်ခြေထောက်တစ်ဖက်ကိုတော့ ပုံမှာလုပ်ပြထားသလို ကွေးပြီး လက်နဲ့ကိုင်ထားပေးပါ။ အဲ့အတိုင်း ၁ မိနစ်နေပြီး အချိန်ပြည့်ရင် နောက်ခြေထောက်ကို ဘယ်ညာပြောင်းပြီး နောက်ထပ် ၁ မိနစ် ထပ်နေပေးပါ။

လေ့ကျင့်ခန်း ၄

ပုံမှာလုပ်ပြထားတဲ့အတိုင်း Body ကို အပေါ်ပင့်လိုက်၊ ကြမ်းနဲ့ပြန်ကပ်လိုက် လုပ်ပေးရမှာပါ။ ၁၀ ကြိမ်လောက်လုပ်ပေးရင် ရပါပြီ။

လေ့ကျင့်ခန်း ၅

နောက်ဆုံးလေ့ကျင့်ခန်းကတော့ လမ်းလျှောက်ပေးရမှာပဲ ဖြစ်ပါတယ်။ လမ်းလျှောက်လေ့ကျင့်ခန်းကလည်း အမျိုးသမီးများ ဓမ္မတာလာချိန်မှာ ခံစားရတဲ့ နာကျင်မှုတွေကို မေ့ပျောက်စေတယ်၊ သက်သာစေပါတယ်။