အခုဖော်ပြမယ့် ပို့စ်ပေးနည်းတွေကတော့ Cute အောင် ပြုံးနေစရာမလို၊ မေးကို လက်နဲ့ ထောက်ပြစရာမလို၊ ရယ်ပြစရာမလိုဘဲကို Cute နေစေမယ့် ပို့စ်ပေးနည်းတွေ ဖြစ်ပါတယ်။ ဒီလို Cute နေဖို့ လိုအပ်တဲ့ အရာ နှစ်မျိုး ရှိပါတယ်။ ပထမ တစ်မျိုးကတော့ သင့်ရဲ့ ဖက်ရှင် ဝတ်ဆင်ပုံပါ။ နောက်တစ်မျိုးကတော့ ပို့စ်ပေးနည်းကို သိဖို့ပါ။ ဒီတော့ မျက်နှာပြစရာမလိုဘဲ ချစ်ဖို့ကောင်းနေမယ့် ပို့စ်ပေးနည်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ ချစ်စရာ ကောင်းတဲ့ မျက်လုံးလေး လုပ်ပြစရာမလိုဘဲနဲ့ Cute မယ့် နည်းလမ်း ဖြစ်ပါတယ်။ မျက်နှာကို ဦးထုပ်နဲ့ ကာထားပြီး နှုတ်ခမ်းဆူပြရမှာပါ။

၂။ မျက်နှာကို အအေးဘူးနဲ့ ကာထားကာ မျက်လုံးလေးကို မှိတ်ထားပြီး နှာခေါင်းလေးကို ရှုံ့ထားတာက လုပ်ကြည့်သင့်တဲ့ ပို့စ်ပါ။

၃။ ဒါကတော့ နွေရာသီနဲ့ လိုက်ဖက်မယ့် ပို့စ်ပါ။ မျက်မှန်တပ်ထားပြီး မျက်နှာကို အပေါ်မော့ထားကာ နှုတ်ခမ်းလေး ဆူကြည့်ရပါမယ်။

၄။ ဒီပို့စ်ကတော့ ချစ်ဖို့ကောင်းတဲ့ Outfit လေးကို ပြတဲ့ ပို့စ်ပါ။ ဦးထုပ်လေးနဲ့ ခေါင်းငုံ့ထားပြီး ပြုံးနေရုံပါပဲ။

၅။ မျက်နှာလေးကို လက်နဲ့ ကိုင်တော့မယ့်ဆဲဆဲမှာ ရယ်ပေးရပါမယ်။ ခါးလေးပါ ထောက်ထားရင် ပိုသဘာဝကျပါတယ်။

၆။ သင်က လက်သည်းနီ အရောင်လှလှလေး ဆိုးထားတယ်ဆိုရင် လက်သည်းနီ ကြွားသလိုလိုနဲ့ မျက်နှာလေးကို ကွယ်ထားနိုင်ပါတယ်။ ဒီစတိုင်လေးက ချစ်ဖို့ကောင်းပါတယ်။

၇။ ခန္ဓာကိုယ် အနေအထားကို ပုံထဲက မော်ဒယ်လို နေပေးရပါမယ်။ ပြီးနောက် ဦးထုပ်နဲ့ မျက်နှာကို ကွယ်ထားပြီး အအေးဘူးရှိရင် အပေါ်မှာ မြှောက်ထားနိုင်ပါတယ်။ အအေးဘူး မရှိရင် ဦးထုပ်လေးကို လက်နဲ့ ကိုင်ထားနိုင်ပါတယ်။

၈။ ရယ်ခါနီး လက်လေးနဲ့ ကာလိုက်တာက ချစ်ဖို့ကောင်းတဲ့ Cute Pose ဖြစ်ပါတယ်။

၉။ ဒီပို့စ်အတွက်တော့ နှုတ်ခမ်းနီ လှလှလေး ဆိုးထားဖို့ လိုပါတယ်။ ဦးထုပ်နဲ့ မျက်နှာကို ကွယ်ထားကာ ပုံထဲကအတိုင်း ထိုင်နိုင်ပါတယ်။

၁၀။ ပုံထဲကလို ခြေချိတ်ထားကာ ရယ်ခါနီး လက်နောက်ပြန် ကွယ်ထားတာလေးက Snap ပုံစံလေး ပေါ်စေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar