အသားအရေပြဿနာ ၅ မျိုးအတွက် ကြက်ဥနဲ့ပေါင်းတင်နည်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာ အလွယ်တကူ ပေါင်းတင်လို့ရတဲ့ နည်းလမ်းတွေဖြစ်တာကြောင့် လူတိုင်းအတွက် လုပ်ရတာ အဆင်ပြေမှာပါ။ ကိုယ့်ရဲ့ အသားအရေပြဿနာပေါ်မူတည်ပြီး အဆင်ပြေတဲ့တစ်မျိုးကို သေချာလုပ်ပေးရင် ရပါပြီ။
ဝက်ခြံအတွက်
ဝက်ခြံအတွက်ဆိုရင်တော့ ကြက်ဥ – ၁ လုံးကိုဖောက်ပြီး အနှစ်ဖယ်ထုတ်လိုက်ပါ။ ပြီးရင် သံပယိုရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် – လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နဲ့ ရောမွှေပေးပါ။ ပြီးရင်တော့ မျက်နှာမှာလိမ်းပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် Wet Tissue နဲ့သုတ်ပေးပြီးမှ ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင် တစ်ပတ် ၂ ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။
အသားအရေညစ်တာအတွက်
အသားအရေညစ်တာအတွက်ဆိုရင်တော့ ခုနကလိုပဲ ကြက်ဥ – ၁ လုံးကိုဖောက်ပြီး အနှစ်ဖယ်ထုတ်လိုက်ပါ။ ပြီးရင် သံပယိုရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နဲ့ ရောမွှေပေးပါ။ ပြီးရင်တော့ မျက်နှာမှာလိမ်းပြီး ခြောက်သွားပြီဆိုမှ မျက်နှာသစ်ပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင် တစ်ပတ် တစ်ကြိမ် ပုံမှန်လုပ်ပေးပါ။
အသားခြောက်တာအတွက်
အသားခြောက်တာအတွက်ဆိုရင်လည်း ကြက်ဥ – ၁ လုံးကိုဖောက်ပြီး အနှစ်ဖယ်ထုတ်လိုက်ပါ။ ပြီးရင် ထောပတ်သီးအမှည့်ကို ၄ ပုံ ပုံ ၁ ပုံစာလောက်ပဲယူပြီး ကြိတ်ချေပေးပါ။ ပြီးရင်တော့ ခုနကကြက်ဥနဲ့ ရောမွှေပြီး ဒိန်ချဉ် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် – လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နဲ့ ရောမွှေပေးပါ။ ပြီးရင်တော့ မျက်နှာမှာလိမ်းပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် Wet Tissue နဲ့သုတ်ပေးပြီးမှ ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင် တစ်ပတ် ၂ ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။
ဆားဝက်ခြံအတွက်
ဆားဝက်ခြံအတွက်ဆိုရင်တော့ ကြက်ဥတစ်လုံးကို အနှစ်ဖယ်ပြီး မွှေပေးပါ။ သေချာမွှေပြီးရင် makeup Brush အပြားလေးနဲ့ယူပြီး ဆားဝက်ခြံရှိတဲ့နေရာတွေကို လိမ်းပေးပါ။ ပြီးရင် Tissue နဲ့ကပ်ထားပြီး ၁၀ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ ရေဆေးချပါ။ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးရင် ပိုကောင်းပါတယ်။
အဆီပြန်တာအတွက်
အဆီပြန်တာအတွက်ဆိုရင်တော့ အပေါ်မှာလုပ်ခဲ့သလိုပဲ ကြက်ဥ – ၁ လုံးကိုဖောက်ပြီး အနှစ်ဖယ်ထုတ်လိုက်ပါ။ ပြီးရင် သံပယိုရည် – လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ရောမွှေပြီး T Zone နေရာတွေကို အဓိကထားပြီးလိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးမှ ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပါ။ တစ်ပတ် ၂ ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။