မင်္ဂလာပါ…. ပျိုမဒီတို့ရေ…. နွေရာသီရောက်လို့ ရာသီဥတုက အရမ်းကို ပူလာပြီမလို့ ဆောင်းတွင်းမှာလိမ်းခဲ့တဲ့ Skincare Routine တွေကို ပြောင်းဖို့အချိန်နေပါပြီ။ ပူအိုက်တဲ့နွေရာသီမှာ အသားအရေမခြောက်သွေ့ဖို့နဲ့ နွေဦးအသားအရေကိုပိုင်ဆိုင်နိုင်ဖို့ ဒီအချက်လေးတွေ ဂရုပြုလုပ်ပေးသင့်ပါတယ်။

သင့်တော်တဲ့ Moisturizer ကိုသုံးပေးပါ

ပူနွေးတဲ့ နွေရာသီလတွေမှာ ပေါ့ပါးတဲ့ Moisturizer ကို ပြောင်းသုံးတာက အကောင်းဆုံးပါ။ ထူတဲ့ Moisturizer တွေက အသားအရေကို အဆီပြန်စေပြီး ကွဲထွက်စေနိုင်လို့ပါ။

Antioxidant ကြွယ်ဝတဲ့ထုတ်ကုန်ကိုသုံးပေးပါ

နေရောင်ခြည်ကြောင့်ဖြစ်တဲ့ နေလောင်ကွက်တွေဟာ ဖျောက်ဖျက်ရခက်တာကြောင့် ကာကွယ်ဖို့ အဓိကလိုအပ်ပါတယ်။ ဗီတာမင် C လို လိမ်းဆေးတွေက Free Radicals တွေကို တည်ငြိမ်စေပြီး နေလောင်ဒဏ်ကို လျှော့ချပေးပါတယ်။

Gel Foaming Cleansers သုံးပေးပါ

ပူနွေးတဲ့အပူချိန်က သဘာဝအဆီတွေ ပိုထွက်လာစေတာကြောင့် သာမန်ထက် ပိုပေါ့ပါးတဲ့ Gel Foaming Cleansers တွေကို သုံးပေးတာက ပိုကောင်းပါတယ်။

Water-Based Serum ကို သုံးပေးပါ

ရေကိုအခြေခံတဲ့ Serum တွေမှာ အရေပြားအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ နဲ့ Antioxidant တွေ ပါ၀င်ပြီး ပေါ့ပါးတာကြောင့် ပူပြင်းတဲ့လတွေမှာ အသားအရေက အလွယ်တကူ စုပ်ယူနိုင်ပါတယ်။

Sunscreen ကို မဖြစ်မနေ သုံးပေးပါ

နေလောင်ကွက်ရှိသူတိုင်း ဖယ်ရှားဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိကြပါတယ်။ နေရောင်ခြည်က အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။ ဒါကို ကာကွယ်ဖို့အတွက် အနည်းဆုံး SPF 50 ပါတဲ့ Sunscreen ကို သုံးဖို့လိုပါတယ်။