Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် Respect ရှိဖို့က အရေးကြီးပါတယ်။ Respect မရှိပဲ လုပ်ချင်သလိုလုပ်၊ ပြောချင်သလိုပြောနေရင် သေးသေးလေးကစပြီး ပြဿနာတွေတက်ရမယ်၊ စိတ်ညစ်ရပါမယ်။ ကိုယ့်ရည်းစားအပေါ်မှာ Respect မရှိတဲ့သူတွေက ဒီအရာတွေကို အများဆုံးလုပ်လေ့ရှိကြပါတယ်။

အော်ဟစ်ဆဲဆိုခြင်း

ရည်းစားဘဝမှာတင် တစ်ခုခုဆို အော်ဟစ်ပြီးဆဲဆိုနေတာမျိုးတွေက လုံးဝကို Respect မရှိသလို ရိုင်းလည်းရိုင်းပါတယ်။ ဒီလိုအော်ဟစ်ဆဲဆိုတာတွေကို သည်းခံနေရင်လည်း တစ်ဖြေးဖြေးနဲ့ ပိုဆိုးလာပါလိမ့်မယ်။

ကိုယ်ထိလက်ရောက်လုပ်ခြင်း

ကိုယ့်ရည်းစားအပေါ်မှာ ဘယ်လောက်ပဲ စိတ်ဆိုးပြီး ဒေါသထွက်နေပါစေ ကိုယ်ထိလက်ရောက် လုပ်တာမျိုးကတော့ မဖြစ်သင့်ပါဘူး။ ဒီလိုလုပ်တာက Respect မရှိတဲ့အပြင် အရမ်းလည်းရိုင်းပါတယ်။

အမိန့်ပေးခြင်း

တစ်ခုခုဆိုရင် သေချာပြောပြတာ၊ ကောင်းစေချင်လို့ ပြောတာမျိုးတွေမဟုတ်ပဲ အမိန့်ပေးနေတာမျိုးတွေကတော့ Respect မရှိတာပါပဲ။ တစ်ချိန်လုံး ကိုယ်ဖြစ်စေချင်သလို၊ ကိုယ့်အလိုအတိုင်းကြီးပဲ ဟိုလိုလုပ်၊ ဒီလိုလုပ်နဲ့ အမိန့်ပေးတာမျိုးတွေ များလာရင်လည်း ညိုငြင်စရာ၊ စိတ်ပျက်စရာတွေ ဖြစ်လာပါလိမ့်မယ်။

ဝေဖန်ပြောဆိုခြင်း

တချို့ကျတော့ ကိုယ့်ရည်းစားကို အရမ်းဝေဖန်ပြောဆိုကြတာမျိုး ရှိပါတယ်။ ဝလို့ကဲ့ရဲ့ပြောဆိုတာမျိုးတွေ၊ အစကတည်းက ဒီပုံစံကိုကြိုက်လို့တွဲခဲ့ပြီး နောက်မှ သူများရဲ့ဖြစ်တည်မှုတွေကို တစ်ခုပြီးတစ်ခု ဝေဖန်ပြောဆိုနေတာမျိုးတွေက လုံးဝ Respect မရှိပါဘူး။ ကိုယ့်ချစ်လို့တွဲနေတဲ့သူအပေါ်မှာဆို ပိုတောင်မပြောသင့်ပါဘူး။

သူများတွေနဲ့နှိုင်းယှဉ်ပြောဆိုခြင်း

ကိုယ့်ကိုသူများနဲ့ နှိုင်းယှဉ်ပြောဆိုတာကို ဘယ်သူမှမကြိုက်ပါဘူး။ ကိုယ့်ရည်းစားက ပြောတာဆိုရင် လူတိုင်းက ပိုဝမ်းနည်းစိတ်ဖြစ်ပြီး မကြိုက်ကြပါဘူး။ စိတ်ဆိုးပါတယ်။ ဒီလိုပြောတာက ကိုယ့်ရည်းစားအပေါ်မှာ Respect မရှိရာလည်းကျပါတယ်။