သင်က လက်ရှိမှာ Single မိန်းကလေး တစ်ဦးဆိုရင် ရည်းစားထားဖို့ စဉ်းစားဖူးမှာပါ။ ရည်းစားထားဖို့ စဉ်းစားထားသူ ပျိုမေတို့အနေနဲ့ ဒီအကြောင်းအရာကို အရင် ဖတ်သင့်ပါတယ်။ အခုဖော်ပြထားတဲ့ ယောကျာ်းလေး ပုံစံတွေကတော့ Crush အဖြစ်တောင် မစဉ်းစားသင့်တဲ့ ပုံစံတွေ ဖြစ်ပါတယ်။
၁။ မွေးကတည်းက Complaint တက်ပြီး မွေးလာသူ
ဒီလို အမျိုးသားတစ်ဦးအတွက် သင်က ဘယ်တော့မှ အပြစ်လွတ်မှာ မဟုတ်ပါဘူး။ သင် အသံကျယ်ရင် ကျယ်တယ်လို့ Complain တက်ပါလိမ့်မယ်။ ပျော်နေတာကိုတောင် ပြဿနာ ရှာတတ်တဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။ သင်က ဒီလိုလူနဲ့ တွဲမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပါ ကျလာပါလိမ့်မယ်။
၂။ အသည်းခွဲခံရတဲ့ အနာမကျက်သေးတဲ့ ကောင်လေးတွေ
သင်နဲ့ သူ့ရဲ့ First Date မှာ သူက ရှေ့ ရည်းစားဟောင်းကြောင့် အသည်းကွဲချင်တုန်းလို့ ရင်ဖွင့်ပါလိမ့်မယ်။ ဒီလို ကောင်လေးတွေက ရှေ့ အချစ်ရေးကို မမေ့နိုင်ဘဲ အမြဲ နာကျင်ကောင်လေးတွေ ဖြစ်တတ်ပါတယ်။ သင့်အချိန်ကို ဒီလိုလူမျိုးအတွက် မကုန်ဆုံးသင့်ပါဘူး။
၃။ အားကစားကို ချစ်သူတော်ထားသူ
အားကစားပွဲတွေကို ပိုဦးစားပေးကာ ပိုစိတ်ဝင်စားတဲ့ အမျိုးသားတွေ ရှိပါတယ်။ သင့်အနေနဲ့ ဒီလိုကောင်လေးနဲ့ ရည်းစားတော်ထားရင် သူက သင့်အတွက် အချိန်ပေးနိုင်မှာ မဟုတ်ပါဘူး။
၄။ သင့်ကို အကဲခတ်တတ်သူ
သူတို့ကတော့ သင်ဘာတွေလုပ်လဲ၊ ဘာတွေစားလဲ အကဲခတ်နေတတ်ပါတယ်။ သူတို့ ခွင်ထဲ ရောက်တာနဲ့ သင့်ကို သူတို့ သီအိုရီတွေနဲ့ ပြောင်းလဲဖို့ ကြိုးစားပါလိမ့်မယ်။
၅။ ကောင်ချောလေးတွေ
သင်က သူနဲ့ တွဲရင် ရုပ်ဆိုးတယ်လို့ ခံစားရပါလိမ့်မယ်။ သူက သူ့ရဲ့ ဆံပင်၊ အသားအရေကို အထူးဂရုစိုက်ပါလိမ့်မယ်။ သင့်အနေနဲ့ ကောင်ချောလေးတွေထက် ယောကျာ်းပီသတဲ့ ကောင်လေးတွေကို ပိုဦးစားပေးသင့်ပါတယ်။
၆။ ငါက အားလုံးထက် ပိုတော်တယ်
သူက တစ်လောကလုံးက လူတွေထက် အတော်ဆုံးလို့ တွေးနေတတ်ပါတယ်။ သင်က သူနဲ့ပေါင်းတာကြာပြီဆိုရင် သင်ပါ သူ့လို ဖြစ်လာပါလိမ့်မယ်။
၇။ အမြဲသံသယ ဝင်နေသူ
သင် လှလှလေး ဝတ်ထားတဲ့ နေ့တွေမှာ သူက သင် ဘယ်ကောင်နဲ့ ဖောက်ပြန်နေလဲဆိုပြီး စွပ်စွဲပါလိမ့်မယ်။ အမြဲ သင့်ကို သံသယဝင်ကာ သင်စိတ်ချမ်းသာရမှာ မဟုတ်ပါဘူး။
၈။ မရင့်ကျက်တဲ့သူ
သူတို့ပျင်းတာ၊ မပျော်တာတွေက တခြားသူတွေရဲ့ အပြစ်ပါလို့ သူတို့က ပြောပါလိမ့်မယ်။ အလုပ်အတည်တကျ မလုပ်ချင်ဘဲ တာဝန်ယူချင်စိတ် မရှိသူတွေ ဖြစ်ပါတယ်။
၉။ သစ္စာမရှိသူ
သင့်အပေါ် သစ္စာမရှိသူကိုတော့ သင် ဝေးဝေးရှောင်ရမှာ အထူး ပြောပြစရာ မလိုတော့ပါဘူး။
၁၀။ ရက်စက်တဲ့သူ
ဒီအမျိုးသား အများစုကတော့ ပိုက်ဆံရှိသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ပိုက်ဆံတွေကို သင့်ဆီမှာ ဖြုန်းတတ်ပြီး သူတို့ ပျော်ဖို့ သင့်ကို အသုံးချရုံ သပ်သပ် ဖြစ်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar