ပါးပါးကြည်ကြည် Look လေးတွေကြိုက်တဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ပါးပါးကြည်ကြည်လေးနဲ့ Glow ပြီးလှနေမယ့် Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ အများကြီးပြင်ဆင်ခြယ်သရတာမျိုးကို မကြိုက်တဲ့သူတွေလည်း ဒီ Look လေးကို သဘောကျမှာပါ။
Foundation မလိမ်းခင်မှာ အမဲစက်နဲ့ မျက်ကွင်းညိုတာတွေကို Concealer နဲ့ ဖုံးပေးပါမယ်။ နှာတံနဲ့ နဖူးအလယ်၊ မေးစိကိုလည်း Concealer လိမ်းပါမယ်။ ဒါမှ ပိုလင်းပြီးလှမှာပါ။
ပြီးမှ Foundation လိမ်းပါမယ်။
Setting Powder နဲ့ လိမ်းပါမယ်။ အများကြီးလိမ်းရင် ဖုန်ဖုန်ကြီးဖြစ်သွားတတ်လို့ Powder Brush နဲ့ယူပြီး နည်းနည်းပဲလိမ်းပေးပါ။
မျက်ခုံးမွှေးကို အရမ်းအထူကြီးမဆွဲပဲ သဘာဝအတိုင်းလေးပဲ ဆွဲပေးပါ။
Eyeshadow ကို အညိုရောင်လေးခြယ်ပါမယ်။ မျက်ခွံကိုခြယ်ပြီး မျက်လုံးအောက်နားလေးကိုပါ ခြယ်ပေးပါ။
ပြီးရင် အဲ့ဒီ Eyeshadow အညိုလေးနဲ့ပဲ နှာတံဖော်ပါမယ်။
Eyeliner ကို ပါးပါးလေးပဲဆွဲပေးပါ။ ပုံမှာဆွဲပြထားသလိုလေး အောက်ဘက်ကိုပါ ဆွဲပေးပါ။ Eyeliner ကို အညိုရောင်လေးသုံးပေးရင် ပိုပြီး Natural ဆန်ပါတယ်။
အဖြူရောင် Glitter Eyeshadow ကို ပုံမှာခြယ်ပြထားသလိုလေး ခြယ်ပေးပါ။
မျက်လုံးအောက်နားလေးကိုလည်း ခြယ်ပေးပါ။
နှာတံကိုလည်း အဲ့ဒီ အဖြူရောင် Glitter Eyeshadow လေးနဲ့ပဲ နည်းနည်းခြယ်ပေးပါ။ ဒါမှ နှာတံလေးပိုပေါ်ပြီး Glow နေမှာပါ။ အပေါ်နှုတ်ခမ်းရဲ့ အပေါ်နားလေးကိုလည်း ခြယ်ပေးပါ။
Mascara နဲ့ မျက်တောင်ကော့ပါမယ်။
ပါးနီကိုတော့ ဆိုးမယ့်နှုတ်ခမ်းနီအရောင်လေးဖြစ်တဲ့ Rose Nude အရောင်လေးနဲ့ပဲ ခြယ်ထားပါတယ်။
နှုတ်ခမ်းနီကိုလည်း Rose Nude အရောင်လေးပဲ ဆိုးပါမယ်။
ဒါဆိုရင်တော့ ပါးပါးကြည်ကြည်လေးနဲ့ Glow ပြီးလှနေမယ့် Makeup Look လေးကို ရရှိသွားပါပြီ။