လက်သည်းပုံဖော်ရတာ သဘောကျတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ မိန်းကလေးဆန်ပြီး လှလည်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ အသည်းပုံ လက်သည်းဒီဇိုင်း ၁၁ မျိုးကို မျှဝေပေးလိုက်ပါတယ်။
လက်သည်းအချွန်ထားတယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ အရောင်ကအစ မိန်းကလေးဆန်တဲ့ အရောင်လေးပါ။
လက်သည်းအကြည်လေးဆိုးပြီး အသည်းပုံသေးသေးလေးတွေကို အရောင်စုံပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းလေးပဲဖြစ်ပါတယ်။
Matte Type ဆိုးပြီး ပုံဖော်ထားတာဖြစ်လို့ အရမ်းလှပါတယ်။ အရောင်ကလည်း အသားဆောင်တဲ့အပြင် ဒီဇိုင်းကလည်း မြင်နေကျနဲ့မတူပဲ ဆန်းပါတယ်။
အမဲရောင်ကြိုက်တဲ့ ကောင်မလေးဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။
ကြည့်လိုက်တာနဲ့ သန့်ပြီးလှနေမယ့်၊ ချစ်ဖို့ကောင်းနေမယ့် ဒီဇိုင်းလေးပါ။ အရောင်တောက်တာတွေ မဆိုးချင်ရင် ဒီလိုလေးဆိုးကြည့်ပါ။
ဒီဇိုင်းဆန်းပြီး မြင်နေကျပုံစံတွေနဲ့ ကွဲထွက်ပြီး ချစ်ဖို့ကောင်းသလို လူငယ်လည်းဆန်တဲ့ လက်သည်းဒီဇိုင်းလေးပါ။
အနီရောင်တောက်တောက်လေးမှာ အဖြူရောင်အသည်းပုံလေးတွေ ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ ထင်းပြီး အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။
အကြည်ဆိုးပြီး လက်သည်းထိပ်လေးမှာ အသည်းပုံနှစ်ထပ်လေး ပုံဖော်ထားတာက ဒီဇိုင်းဆန်းပြီး လှသလို အရောင်လေးတွေကလည်း အစုံဖြစ်တာကြောင့် ချစ်ဖို့ကောင်းပါတယ်။
ဒါကတော့ လူငယ်ကောင်မလေးတွေအတွက် အရောင်ငြိမ်ငြိမ်လေးနဲ့ ချစ်ဖို့ကောင်းနေစေမယ့် လက်သည်းဒီဇိုင်းလေး ဖြစ်ပါတယ်။
လက်သည်းအချွန်ထားတဲ့ ကောင်မလေးတွေအတွက် နောက်ထပ်ချစ်ဖို့ကောင်းပြီး လှပတဲ့ လက်သည်းဒီဇိုင်းလေးပါ။
အရမ်းချစ်ဖို့ကောင်းလွန်းတဲ့ ဒီလက်သည်းဒီဇိုင်းလေးကိုတော့ တစ်ခါလောက် ပုံဖော်ကြည့်သင့်ပါတယ်။
Photo source:www.pinterest.com