ပူအိုက်တဲ့နွေရာသီမှာ ထွေထွေထူးထူးပြင်စရာမလိုဘဲ ပေါ့ပေါ့ပါးပါးလေးနဲ့လှနေစေမယ့် ဆံပင်အတို Hairstyle လးတွေကို မျှဝေပေးချင်ပါတယ်နော်။ ဆံပင်တိုညှပ်တာက မျက်နှာလေးကိုပိုနုပြီး လူငယ်ဆန်စေသလို ခေါင်းလည်းရှင်းတာမို့ ရာသီဥတုပူတဲ့အချိန်နဲ့ကွက်တိပါပဲ။ ဒီတော့ ပူလို့အတိုညှပ်ချင်သူတွေ၊ အတိုကိုမှ နွေရာသီနဲ့လိုက်အောင် စတိုင်ပြောင်းချင်တဲ့သူတွေ Try ကြည့်နိုင်မယ့် ဆံပင်တိုပုံစံလေးတွေကို ကြည့်လိုက်ရအောင်နော်-
Bob ကေလေး

ဂုတ်ဝဲကိုမှ ညီညီလေးညှပ်ထားတဲ့ Bob ကေက ဒီအတိုင်းချထားလို့လည်းလှသလို ဆံပင်သပ်တတ်တဲ့သူတွေအတွက် ဆံကြောင်းတစ်ဖက်ကို များများလေးသပ်တင်တဲ့ အထာကျကျ Hairstyle မျိုးလည်း ဖန်တီးနိုင်ပါတယ်။
Beach Waves လေး

မျက်နှာဘေးလေးဝိုက်ပြီး လှိုင်းတွန့်စတိုင်လေး ပုံသွင်းပေးထားတာကလည်း ပွဲတိုးသလို ဘယ်တော့မှမရိုးတဲ့ စတိုင်လေးပါ။
Messy Bun

ပေါ့ပေါ့ပါးပါး Messy Bun ဆံထုံးလေးထုံးပြီး ဘေးနှစ်ဖက် ဆံစနည်းနည်းချထားတဲ့ပုံစံလေးကလည်း ထွေထွေထူးထူးလုပ်စရာမလိုဘဲ တည်ငြိမ်တဲ့အလှမျိုးရစေမှာပါ။ ဆံထုံးမထုံးချင်တဲ့သူတွေက Claw ကလစ်နဲ့နောက်ကပင့်ပြီး ထိုးတာမျိုး လုပ်ကြည့်ပါ။ ရှင်းရှင်းလေးနဲ့ ကလစ်လေးထင်းပြီး လှနေမှာပါ။
Mini Pigtails

Y2K စတိုင်နဲ့ အသက်ပိုငယ်သွားသလို ချစ်စရာကောင်းနေဖို့ ဒီလို ဆံပင်လေးနှစ်ဖက်ခွဲစည်းတာမျိုး လုပ်ကြည့်ပါ။ လုပ်ရအရမ်းလွယ်ပြီး နွေရာသီနဲ့လည်း လိုက်ပါတယ်။
Half Bun

ဒီလို တစ်ဝက်ထုံးဆံပင်ပုံစံလေးက မျက်နှာဘေးမှာ ဆံပင်တွေမရှုပ်အောင် စုစည်းလိုက်သလို ဖြစ်တာမို့ ရှင်းရှင်းလေးနဲ့ ကြည့်ကောင်းနေမှာပါ။
Ponytail

ဆံပင်အပြောင်စည်း Ponytail ကလည်း မျက်နှာကော လည်ပင်းပါရှင်းသွားစေမယ့် Hairstyle ဖြစ်လို့ နွေရာသီနဲ့ အရမ်းသင့်တော်ပါတယ်။
Bob With Cap
ရာသီဥတုပူတာကြောင့် ဆံပင်အဆီပြန်ပြီး ခေါင်းလည်းမလျှော်ဖြစ်သေးဘူးဆိုရင် အထာကျတဲ့ဦးထုပ်လေး တစ်လုံးသာ ဆောင်းထားလိုက်ပါနော်။ Baseball Cap လျှာထုတ်ဦးထုပ်လေးတွေက ဆံပင်အတိုနဲ့ပိုလိုက်ပါတယ်။
Photo Source: Pinterest, preview.ph
By MyStyle Myanmar




