သင်က နှစ်အသစ်မှာ ဆံပင်အ​ရောင် ပြောင်းချင်တာပဲ ဖြစ်ဖြစ်၊ ပွဲတွေမှာ ပိုလှလှလေး ဆံပင်အရောင် ရှိချင်လို့ပဲ ဖြစ်ဖြစ် ဆံပင်ဆိုးဖို့ စဉ်းစားနေရင် ဒီထဲက ဆံပင်အရောင်တွေကို သင်အကြိုက်တွေ့မှာပါ။ အခုနောက်ပိုင်း ဆံပင်အရောင် လှလှလေးတွေ ပိုပေါ်လာကာ ပျိုမေအများစုရဲ့ မျက်နှာအသားအရောင်နဲ့လည်း ပိုလိုက်ဖက်လာပါတယ်​။

ဒါပေမဲ့ သင်က အရောင် အဆန်းလိုချင်ရင်တော့ ဆံပင်အရောင်ချွတ်မှ ရတာတွေ ရှိပါတယ်။ ဒါ့အပြင် အရောင်ဆန်းဆန်းလေး ဖြစ်လေ အကုန်အကျ ပိုများလေပါပဲ။ ဘာပဲဖြစ်ဖြစ် အခုဖော်ပြထားတဲ့ ဆံပင်အရောင်တွေက တစ်ချိန်ချိန် ဆိုးနိုင်ဖို့ သိမ်းထားသင့်တဲ့ အရောင်တွေ ဖြစ်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

အဝါကို မှ ခဲနဲ့ စပ်ထားတဲ့ အရောင်လေး ဖြစ်ပါတယ်။

စပိန်မလေး ဆံပင်အ​ရောင်လို့ တော်တော်များများ သိထားကြတဲ့ ဆံပင်အရောင် ဖြစ်ပါတယ်။

ခဲဘက် ပိုသွားတဲ့ ကြည့်မဝတဲ့ ဆံပင်အ​ရောင်လေး ဖြစ်ပါတယ်။

အရောင်တောက်တာကိုမှ အနီရောင်ဘက် သွားချင်တဲ့ ပျိုမေတို့နဲ့ သင့်တော်မှာပါ။

အဝါရောင်လေးကိုမှ ပျားရည် လို တောက်ပတဲ့ အရောင်လေး ဖြစ်ပါတယ်။

အဝါကိုမှ ပိုတောက်ကာ ပိုရင့်တဲ့ အရောင်လေး ကြိုက်ရင် ဒါလေး အဆင်ပြေမှာပါ။

လူငယ်မိန်းကလေးတိုင်း သဘောကျမယ့် အဝါရောင်လေး ဖြစ်ပါတယ်။

အရောင်ဖျော့ဖျော့ ခဲရောင်လေး ဖြစ်ပါတယ်။

ပျိုမေတို့ သဘောကျမယ့် ကြည့်မဝ ဆံပင်အရောင်လေး

အရောင်ချွတ်ထားကာ Kpop Idol တွေ အထားများတဲ့ ဆံပင်ရှည် အရောင်ဖြစ်ပါတယ်။

အရောင်နုလေး နှစ်သက်တဲ့ ပျိုမေတို့ သဘောကျမယ့် အရောင်

သင့်အသားကို ပိုဖြူစေကာ Warm Tone Skin အရောင်လေးတွေနဲ့ လိုက်ဖက်မှာပါ။

သင့်မျက်နှာကို ပို​လင်းစေကာ မိတ်ကပ်လိမ်းရင် လှမယ့် အရောင်ဖြစ်ပါတယ်။

Photo Source: Pinterest
by MyStyle Myanmar