မင်္ဂလာပါ… ပျိုမဒီတို့ရေ… Body Art လို့ခေါ်ကြတဲ့ တတ်တူးကို အခုဆိုရင် လူငယ်တော်တော်များက ခန္ဓာကိုယ်မှာ အလှဆင်လာကြသလို အနုပညာရှင်တော်တော်များများရဲ့ ခန္ဓာကိုယ်မှာလည်း တွေ့ရလာပါတယ်။

တတ်တူးဒီဇိုင်းတွေ အမျိုးမျိုးရှိတဲ့အထဲကမှ ယနေ့ခေတ်ရေပန်းစားနေတဲ့ တြိဂံတက်တူးဒီဇိုင်းလေးတွေက သဟဇာတဖြစ်မှု၊ ထုတ်ဖော်မှု၊ တီထွင်ဖန်တီးမှု စတာတွေကို ဖော်ညွှန်းပြနေတဲ့အပြင် ရင်ခုန်စရာကောင်းပြီး စိတ်ကူးယဉ်ဆန်ဆန်နဲ့ စတိုင်လည်း ကျနေပါသေးတယ်။

ဒါကြောင့် တတ်တူးထိုးဖို့စဥ်းစားနေတဲ့ အမျိုးသမီးတွေအတွက် အံ့သြစရာကောင်းတဲ့ တြိဂံတက်တူးအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Triangle Tree Tattoo

တြိဂံပုံသဏ္ဍာန်ထဲမှာ ပေါက်နေတဲ့ သစ်ပင်ပုံစံ တတ်တူးက အဓိပ္ပါယ်ရှိလွန်းတဲ့ တတ်တူးပုံစံတစ်ခုပါပဲ။ အသက်ပင်ကို ဆိုလိုတဲ့ တြိဂံထဲကသစ်ပင်က မသေနိုင်သော၊ ထာဝရ၊ အသိပညာ၊ ဉာဏ်ပညာ၊ ခွန်အား၊ ကာကွယ်မှု၊ ကြွယ်ဝမှုနဲ့ ကြီးထွားမှုတို့ကို ကိုယ်စားပြုပါတယ်။ ဒါတွေအားလုံးဟာ ရင်းနှီးတဲ့ မိသားစုကို ကိုယ်စားပြုပြီး ဒီလှပတဲ့ တြိဂံတက်တူးက အားလုံးကိုစုစည်းထားတာပါ။

Triangle Feather Tattoo

Feather က တြိဂံကိုဖြတ်ပြီး ရင်သပ်ရှုမောဖွယ်ဖြစ်အောင် ဒီဇိုင်းထုတ်ထားတဲ့ ဒီတတ်တူးမှာ ပါတဲ့ တြိဂံက
ဂရိယဉ်ကျေးမှုမှာ ဉာဏ်ပညာမြင့်မားတဲ့တံခါးပေါက်ကို ကိုယ်စားပြုပြီး အမေရိကန်ယဉ်ကျေးမှုမှာတော့ Feather က ဝိညာဉ်ရေးကာကွယ်မှုနဲ့ ရဲစွမ်းသတ္တိကို ကိုယ်စားပြုပါတယ်။

Geometric Triangle Tattoo

တတ်တူးထိုးရတာကိုသဘောကျပေမယ့် အလုပ်နဲ့အဆင်မပြေဖြစ်မှာဆိုးတဲ့လူတွေအတွက်တော့ Geometric တြိဂံတက်တူးဒီဇိုင်းက အသင့်တော်ဆုံးပါပဲ။ သေးသေးလေးနဲ့ ချစ်စရာကောင်းပြီး အတွင်းမှာ တြိဂံများစွာပါတဲ့ ဒီတတ်တူးဒီဇိုင်းက မရှုပ်ပဲ သိမ်မွေ့ပြီး ပြေပြစ်လှပါတယ်။

Infinity Triangle Tattoo

Infinity Triangle တက်တူးဒီဇိုင်းက လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ ဒီဇိုင်းတစ်ခုပါ။ မင်းသမီး Sophie Turner ရဲ့ ဘယ်ဘက်လက်မောင်းမှာထိုးထားတဲ့ တတ်တူးကလည်း Infinity Triangle ပါပဲ။

Simple Triangle Tattoo

ရိုးရှင်းလွန်းတဲ့ ဒီတက်တူးသေးသေးလေးက ဘယ်နေရာမဆို လိုက်ဖက်ပါတယ်။ လက်ချောင်း၊ လက်ကောက်ဝတ်၊ လည်ပင်း၊ သို့မဟုတ် နားရွက်နောက်ဘက် – ဘယ်နေရာမှာမဆို ထိုးလို့ရပါတယ်။

Black Triangle Tattoo

ရိုးရှင်းတဲ့အနက်ရောင်တြိဂံတက်တူးက တကယ်ကိုကြည့်ကောင်းပြီး သူ့ရဲ့ပေါ့ပါးတဲ့ဒီဇိုင်းကြောင့် တကယ်ကို ဆွဲဆောင်မှုရှိတဲ့ တတ်တူးဒီဇိုင်းပါ။ အနက်ရောင်တြိဂံတက်တူးက ညီညွတ်မှု၊ အချိုးအစား၊ တောက်ပမှုနဲ့ ပေါင်းစပ်မှုကို ကိုယ်စားပြုပြီး ခန္ဓာကိုယ်ပေါ်က နေရာသေးသေးလေးတွေမှာ ထိုးချင်တဲ့လူတွေအတွက် ‌ရွေးချယ်သင့်တဲ့ ဒီဇိုင်းပါပဲ။

Source: stylecraze