နွေရာသီအချိန်က ဓာတ်ပုံလှလှလေးတွေ ရိုက်ဖို့ အချိန်အခါကောင်းပါပဲ။ နွေရာသီအချိန်က နေရောင်ခြည်ကို လုံလောက်စွာ ရတဲ့အပြင် ပုံထွက်လည်း လှတတ်ပါတယ်။ နေပူတာကလွဲရင် သင်က နွေရာသီ ဖက်ရှင်စတိုင်တွေနဲ့ ဓာတ်ပုံလှလှလေးတွေ ဖန်တီးနိုင်ပါတယ်။ သင်က ဒီလို ဓာတ်ပုံရိုက်တဲ့အခါ တခြားသူတွေရဲ့ ဓာတ်ပုံတွေကို ကြည့်ကာ နမူနာယူပြီး ကိုယ်ပိုင်စတိုင်တစ်ခု ဖန်တီးနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နွေရာသီဖက်ရှင်တွေနဲ့အတူ ပို့စ်ဘယ်လိုလှလှလေး ပေးနိုင်မလဲ သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

နေပူတဲ့အချိန် ကင်မရာဆီ ကြည့်မယ်ဆိုရင် မျက်လုံးဘယ်လိုမှ ဖွင့်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် နောက်ဘက် ကြည့်နေတဲ့ ပုံစံလေး ရိုက်နိုင်ပါတယ်။ အဖြူ Blouse နဲ့ ဂျင်းပြာက နွေရာသီနဲ့ လိုက်ဖက်ပါတယ်။

အဖြူရောင်က ပူအိုက်တဲ့အချိန်နဲ့ လိုက်ဖက်ပြီး နေရောင်ခြည် ပြေပြေလေး ရနေတဲ့အချိန် ဒီပုံစံလေး ပို့စ်ပေးနိုင်ပါတယ်။

ကြိုးတစ်ချောင်း အင်္ကျီလက်ပြတ်နဲ့ ဘောင်းဘီရှည်က ရာသီဥတု ပူတဲ့အချိန်ကွက်တိပါပဲ။ မျက်မှန်လေးပါ ပါရင်တော့ ပိုပြည့်စုံသွားပါပြီ။

ဦးထုပ်က ရာသီဥတု ပူတာကို ကိုယ်စားပြုကာ သင်က တခြားဘက် ငေးကြည့်ကာ ပို့စ်ပေးနိုင်ပါတယ်။

နေပူတဲ့နေရာမှာ ခဏထိုင်ကာ သင်က လက်ကလေးနဲ့ ကာထားပြီး ရယ်နေတဲ့ စတိုင်လေးကို သဘာဝကျကျ လုပ်ကြည့်နိုင်ပါတယ်။

Hoodie နဲ့အတူ ဘောင်းဘီတိုလေးက နွေရာသီနဲ့ လိုက်ဖက်ကာ ဒီပို့စ်လေးက လူငယ်ဆန်ပါတယ်။

တီရှပ်နဲ့ ဘောင်းဘီတိုက Summer Outfit ဖြစ်ပြီး ဒီပို့စ်က နွေရာသီနဲ့ လိုက်ဖက်ပါတယ်။

နေဝင်ချိန်နီးကပ်တဲ့အချိန် သင်က ဆိုင်တစ်ဆိုင် ရောက်နေမယ်ဆိုရင် ဒီလိုလေး ရယ်ပြီး ပို့စ်ပေးနိုင်ပါတယ်။

အမည်းရောင်က အပူစုပ်ပေမယ့် ပေါ့ပေါ့ပါးပါး ဖြစ်မယ့် စတိုင်ဆိုရင်တော့ သင် စတိုင်ကျကျ ဝတ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar