ဓာတ်ပုံရိုက်ရင် အမြဲရယ်တာ၊ ပြုံးတာပဲ လုပ်တတ်တယ်ဆိုတဲ့ ကောင်မလေးတွေအတွက် Sweet ဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ ပို့စ်ပေးနည်းအိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ ပို့စ်စဉ်းစားနေစရာမလိုအောင် ဒီပုံလေးတွေကို ကြည့်ထားရင် အသုံးဝင်မှာပါ။

မိန်းကလေးဆန်ဆန်လေးဝတ်ထားပြီး ဓာတ်ပုံရိုက်တဲ့အခါမှာ ဒီလိုလေးပို့စ်ပေးကြည့်ပါ။ အရမ်း Sweet ဖြစ်ပြီး ချစ်ဖို့ကောင်းပါတယ်။

ဒီပို့စ်လေးဆိုရင်လည်း မျက်နှာလေးကို Sweet ဖြစ်အောင်ပြုံးပြီး လက်လေးနှစ်ဖက်ကို ဘေးကား၊ ခြေထောက်လေးတစ်ဖက် ရှေ့ထုတ်လိုက်နဲ့ ပို့စ်ပေးရုံပါပဲ။

ခရီးသွားတဲ့အခါမှာ ဒီလိုပို့စ်လေးနဲ့ရိုက်ရင် Sweet ဖြစ်ပြီး Happy Vibe လေးလည်း ရစေပါတယ်။

အမြဲတမ်းပြုံးရယ်တာပဲ လုပ်တတ်တယ်ဆိုရင် ဒီပုံလေးအတိုင်းလည်း ပို့စ်ပေးပြီးရိုက်ကြည့်ပါ။

Heart Sign လေးကို ချစ်ဖို့ကောင်းပြီး Sweet ဖြစ်အောင်ရိုက်ထားတဲ့ ဒီပုံလေးကလည်း လူငယ်ကောင်မလေးတွေနဲ့ဆို အရမ်းလိုက်ဖက်ပါတယ်။

အနီးကပ်ပုံလေးတွေရိုက်တဲ့အခါ ဘယ်လိုနေရမှန်းမသိရင် ဒီပုံလေးအတိုင်းသာ ပို့စ်ပေးလိုက်ပါ။

လမ်းလျှောက်လာတဲ့ပုံလေးကိုပဲ ဒီလိုလေးပို့စ်ပေးပြီး ပြုံးနေတဲ့မျက်နှာလေးနဲ့ ပို့စ်ပေးကြည့်ပါ။ Sweet ဖြစ်ပြီး လှပါတယ်။

ပန်းလေးတွေဓာတ်ပုံရိုက်တဲ့အခါ ရှေ့တည့်တည့်ပဲရိုက်နေရတာ ရိုးလာရင် ဒီလိုလေးပြောင်းရိုက်ကြည့်ပါ။

Portrait ပုံလေးတွေ ရိုက်တဲ့အခါ Sweet ဖြစ်ပြီး ချစ်ဖို့ကောင်းနေအောင် ဒီလိုလေးတွေ ပို့စ်ပေးလိုက်ရုံပါပဲ။

ပို့စ်သိပ်မပေးတတ်လည်း မပူပါနဲ့။ ဒီလို ဘေးတစ်စောင်းလေးနေပြီး ပြုံးနေတဲ့ပုံလေးသာ ရိုက်လိုက်ပါ။ အရမ်း Sweet ဖြစ်ပြီး ချစ်ဖို့ကောင်းပါတယ်။

ပန်းစည်းလေးပိုက်ပြီးရိုက်တဲ့အခါမှာ ဒီပုံစံလေးအတိုင်းရိုက်တာက ပျော်ရွှင်နေတဲ့ပုံစံလေးနဲ့ Sweet ဖြစ်ပြီး ချစ်ဖို့ကောင်းပါတယ်။

Photo source:www.pinterest.com