Oily Skin ဖြစ်လာပြီဆိုရင် ဘာလိမ်းလိမ်း မျက်နှာအရမ်းအဆီပြန်နေလို့ မိတ်ကပ်သားလည်း ကြာရှည်မခံပါဘူး၊ အဆီဖုနဲ့ ဝက်ခြံလည်း ထွက်လွယ်ပါတယ်။ ဒါကြောင့် Oily Skin မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့် အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

Mild Cleanser သုံးပါ

အရမ်းပြင်တဲ့ Cleanser တွေကိုသုံးရင် အသားအရမ်းခြောက်ပြီး Sensitive ဖြစ်သွားတာမျိုး၊ ချွေးပေါက်တွေကျယ်ပြီး အဆီပြန်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Mild ဖြစ်တဲ့Cleanser သုံးပါ။ တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ။

မျက်နှာသစ်ပြီးမှအိပ်ယာဝင်ပါ

ညပိုင်း Skincare လုပ်တာက အသားအရေအတွက် အရမ်းကောင်းပါတယ်။ Skincare သေချာမလိမ်းနိုင်ရင်တောင်မှ တစ်နေ့တာလုံးကပ်နေတဲ့ အညစ်အကြေးတွေကို မသန့်စင်ပဲ အိပ်ယာမဝင်ပါနဲ့။ သေချာ Makeup Remover, Cleansing Water စတာတွေနဲ့ ဖျက်ပြီး မျက်နှာသစ်ပါ။ မျက်နှာမသစ်ပဲ အိပ်ယာဝင်ရင် အသားအရေ ညစ်ပြီး အဆီတွေပြန်လာမယ်၊ ဝက်ခြံတွေ ထွက်လာပါမယ်။

ဆံပင်ကိုမျက်နှာနဲ့မထိပါနဲ့

ဆံပင်ကို မျက်နှာနဲ့မထိနဲ့ဆိုတာကတော့ ဆံပင်မှာကပ်နေတဲ့ အဆီနဲ့အညစ်အကြေးတွေက မျက်နှာကိုထိတဲ့အခါ မျက်နှာအဆီပြန်တာမျိုး၊ အဆီဖုထွက်လာမျိုးတွေ ဖြစ်စေလို့ပါ။ ဒါကြောင့် အထူးသဖြင့် အိပ်တဲ့အခါမှာ ဆံပင်ကို ကျစ်ဆံပြီးကျစ်အိပ်ပါ။

Toner သုံးပါ

နေ့တိုင်း Toner သုံးပေးပါ။ Toner က အသားအရေရဲ့ PH Balance ကို ညီအောင် ညှိုပေးပါတယ်။ ဒါကြောင့် တစ်နေ့ နှစ်ကြိမ် ပုံမှန်သုံးပေးပါ။

ဆီကြော်မုန့်တွေရှောင်ပါ

ဆီကြော်မုန့်တွေစားတာ အရမ်းများရင် အသားအရေ အဆီပြန်တာ၊ အဆီဖုနဲ့ ဝက်ခြံတွေထွက်တာ ပိုဆိုးလာစေပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် ဆီကြော်မုန့်တွေကို ရှောင်ပါ။

ရေများများသောက်ပါ

ရေများများသောက်မှ အသားအရေ ခြောက်သွေ့တာမျိုးတွေ မဖြစ်ပဲနဲ့ အသားအရေ စိုပြည်လှပနေမှာပါ။ ရေသောက်နည်းရင် အသားခြောက်တာ၊ ပုံမှန်ထက် အဆီပြန်တာမျိုးတွေ ဖြစ်စေပါတယ်။