လူတိုင်းမှာကတော့ စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေ အနည်းနဲ့အများ ရှိတာပါပဲ။ ဒီလိုဖြစ်လာရင် ကြာတဲ့အခါ Mental Health ကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် Mental Health မထိခိုက်အောင်၊ Mental Health ပိုကောင်းမွန်လာစေဖို့အတွက် ပုံမှန်ပြုလုပ်ပေးသင့်တဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်။

တရားထိုင်ပါ

နေ့တိုင်း တစ်နေ့ကို ၁၅ မိနစ်လောက်တော့ တရားထိုင်ပေးသင့်ပါတယ်။ တရားထိုင်တာက စိတ်တည်ငြိမ်ပြီး အေးချမ်းစေတယ်၊ ဒေါသတွေ၊ စိတ်ရှုပ်ထွေးတာတွေလည်း လျော့ကျသွားစေပြီး Mental Health ပိုကောင်းလာစေပါတယ်။

သီချင်းနားထောင်ပါ

စိတ်ညစ်နေချိန်မှာပဲဖြစ်ဖြစ်၊ မွန်းကြပ်နေချိန်မှာပဲဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့သီချင်းတွေ နားထောင်လိုက်ရရင် စိတ်သက်သာရာရပြီးတော့ နေလို့ကောင်းသွားပါတယ်။ စိတ်ကြည်နူးမှုလည်း ရစေပါတယ်။ ညဘက်တွေ အိပ်မပျော်ရင်တောင်မှ တေးဂီတသံစဉ်တွေကို နားထောင်ပြီးအိပ်ရင် အိပ်ပျော်စေပါတယ်။ ဒါကြောင့် သီချင်းကလည်း Mental Health အတွက် အရမ်းကောင်းပါတယ်။

စာအုပ်ဖတ်ပါ

စာအုပ်ဖတ်တာက အတွေးအမြင်တွေ ပြောင်းလဲလာစေပြီး စိတ်ခွန်အားရစေတယ်၊ စိတ်တည်ငြိမ်စေပါတယ်။ စာအုပ်ကို တစ်နေ့တစ်အုပ် မဖတ်နိုင်ရင်တောင်မှ တစ်ပတ်တစ်အုပ်တော့ ရအောင်ဖတ်ပေးပါ။

စကားပြောပါ

တစ်ယောက်တည်းနေရင် အတွေးတွေများပြီး စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာစေပါတယ်။ သူများနဲ့စကားမပြောပဲ ဖာသိဖာသာနေရင် ကြာလာတဲ့အခါ အထီးကျန်တဲ့ ခံစားချက်မျိုးလည်း ဝင်လာပါတယ်။ ဒါကြောင့် စိတ်လွတ်လပ်ပေါ့ပါးအောင် Mental Health ပိုကောင်းလာအောင် သူများတွေနဲ့ စကားစမြည်ပြောပေးပါ။

အစာပုံမှန်စားပါ

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက်က အစားအသောက်နဲ့လည်း သက်ဆိုင်ပါတယ်။ အရသာရှိတာ၊ အာဟာရရှိတာတွေ စားပေးပါ။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ချိန်တွေမမှန်တာ၊ အိပ်ရေးပျက်တာတွေကလည်း Mental Health ကိုထိစေပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင် စောစောအိပ်ပါ။ စောစောအိပ်၊ စောစောထတဲ့အကျင့်က အရမ်းကောင်းပါတယ်။ ညသန်းခေါင်ထိ မအိပ်ပဲနေတာမျိုးတွေ မလုပ်ပါနဲ့။