သင်က မိတ်ကပ်လိမ်းတဲ့အချိန် အသားအရေကို ကြည်ကြည် တင်းတင်းလေး ဖြစ်စေချင်ရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ နဂို အသားအရေက လှနေမှလည်း မိတ်ကပ်လိမ်းတဲ့အခါ ပို အပြစ်အနာအဆာ မရှိ လှနိုင်မှာပါ။ ဒီလိုလှနေဖို့ အသားအရေကို ထိန်းသိမ်း ဂရုစိုက်ပေးမှ ရမှာပါ။ ဒီတစ်ခေါက်မှာတော့ သဘာဝအတိုင်း အသားအရေကို Treatment Care နိုင်ဖို့ Mask ဖန်တီးနည်းကို ဖော်ပြပါရစေ။ ဒီတော့ ဘယ်လို ဖန်တီးနိုင်မလဲ ကြည့်လိုက်ရအောင်နော်-

ဒါအတွက် ပထမဆုံး လိုအပ်တဲ့ ပစ္စည်းကတော့- ကျိတ်ပြီးသား ကော်ဖီမှုန့်ပါ​။ ကော်ဖီမှုန့်က မျက်နှာပေါ်က ဆဲလ်သေတွေကို ကွာကျစေပြီး အသားအရေ တင်းရင်းလာစေပါတယ်။ ဒါ့အပြင် အိုမင်းရင့်ရော်လာတဲ့ လက္ခဏာတွေကို လျှော့ချပေးနိုင်ပါတယ်။ Coffee အမှုန့်က မျက်ကွင်းညိုသူ ပျိုမေတို့အတွက် အထူးသင့်တော်ပါတယ်​။

Photo Source: Peppy Blog

နောက်ထပ် ကော်ဖီမှုန့်ထဲကို ထပ်ထည့်ပေးရမှာကတော့ ပျားရည်ပါ။ ပျားရည်က ဘတ်တီးရီးယား သေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အက်တီအောက်ဆီးဒင့်ပါဝင်ပြီး အသားအရေကို အစိုဓာတ်ပေးကာ ကြည်လင်ချောမွေ့စေပါတယ်။

Photo Source: Byrdie

နနွင်းမှုန့်ကို ကော်ဖီမှုန့်နဲ့ ပျားရည်ထဲ ရောထည့်ပေးရပါမယ်။ နနွင်းမှုန့်ကတော့ အယောင်အယမ်း သက်သာစေပါတယ်။ ဝက်ခြံတွေကို တိုက်ထုတ်ပေးတဲ့အပြင် နနွင်းမှုန့်က အသားအရေကို တောက်ပစေနိုင်ပါတယ်။

Photo Source: ShineSheets

ဒီသုံးမျိုးကို ရောမွှေပေးရပါမယ်။ ပြီးနောက် သင့်မျက်နှာပေါ် လိမ်းပေးရပါမယ်။ လိမ်းပြီးရင်တော့ ၁၀ မိနစ်ကနေ မိနစ် ၂၀ ထားပေးရပါမယ်။

Photo Source: Biohazard Coffee

ဒီနည်းလမ်းကို ပုံမှန်လုပ်ပေးမယ်ဆိုရင် သင့်အသားအရေ အရင်ထက် ပိုကောင်းလာပါလိမ့်မယ်။

By MyStyle Myanmar