ရုပ်ရှင်ထဲက စူပါဟီးရိုးတွေ ကြမ်းကြမ်းရမ်းရမ်းသရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေမှာ မင်းသားတွေ ဘယ်လိုအသက်ရှင်ကျန်ရစ်ခဲ့ကြလဲဆိုတာကို စာအုပ်တစ်အုပ်တောင် ရေးလို့ရပါတယ်။ ဒါပေမယ့် သူတို့တွေ အသုံးပြုတဲ့နည်းလမ်းတွေက တကယ်အပြင်မှာ အန္တရာယ်ကင်းရဲ့လားဆိုတာ မေးစရာဖြစ်လာပါတယ်။ ဒီတစ်ခေါက်တော့ လူတွေကို သေစေနိုင်တဲ့ ရုပ်ရှင်ထဲက ယုံတမ်းပြကွက်တွေ အကြောင်း ရှင်းပြသွားမှာပါ။

ဂူတွေက မီးဖိုဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်တယ်

ဂူတွေက ပုံမှန်ဆိုရင် လုံခြုံတဲ့နေရာတခုလို့ ထင်ရပါတယ်။ ဒါပေမယ့် မီးပုံ လုပ်မယ်ဆိုရင်တော့ အန္တာရာယ်ရှိနိုင်ပါတယ်။ အပူက ကျောက်တုံးတွေကို အလွန်ပူစေတယ်။ ပြီးတော့ ကျောက်တုံးတွေက အပူနဲ့တွေ့တဲ့အချိန်မှာ ပျံ့လာမယ်။ ဒီလိုတွေဖြစ်လာရင် ကျောက်တုံးတွေကို သင့်အပေါ်ပြုတ်ကျစေနိုင်ပါတယ်။ မီးလှုံဖို့ အကောင်းဆုံးနေရာက ဂူတွေအပြင်ဖက် ကွင်းပြင်ကျယ်တွေပဲ ဖြစ်ပါတယ်။

ဖမ်းမိတဲ့ ငါးတွေကို ချက်ခြင်းအစိမ်းလိုက် စားလို့ရတယ်

စားလို့ရတာ မှန်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်တွေ ပြလေ့မရှိတဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေကတော့ ဘတ်တီးရီးယားတွေကြောင့်ဖြစ်တဲ့ အစာခြေစနစ်ပရမ်းဗတာ ဖြစ်ခြင်းပါပဲ။ တောထဲမှာ ဆေးခန်းတွေ ဆရာဝန်တွေ မရှိပါဘူး။ ဒါကြောင့် ငါးတွေကို ချက်ပြုတ်ပြီးမှ စားသောက်တာက အန္တရာယ်အကင်းဆုံးပါ။ အခြားတိရိစ္ဆာန်တွေရဲ့ အသားတွေလည်း ထိုနည်း၎င်းပါပဲ။

ရေကိုကြိုချက်ပြီးသောက်တာက အန္တရာယ်ကင်းတယ်

ရေကိုကြိုချက်လိုက်မယ်ဆိုရင် ဘတ်တီးရီးယားတွေကို သေစေတာမှန်ပါတယ်။ ဒါပေမယ့် လူတွေကို အန္တာရယ်ဖြစ်စေနိုင်တဲ့ ဒြပ်စင်တွေကိုတော့ မဖယ်ရှားနိုင်သေးပါဘူး။ ဥပမာ ရွှံ့တွေပါဝင်နေတဲ့ ရေကို ဘယ်လောက်ပဲ ဆူအောင်ကြိုကြို သောက်ဖို့အတွက် အန္တရာယ်မကင်းသေးပါဘူး။ ဒါကြောင့် ကြိုချက်ပြီးတာနဲ့ အဝတ်စနဲ့ဖြစ်ဖြစ် ရေစစ်စစ်နဲ့ဖြစ်ဖြစ် အနယ်တွေကို စစ်ချပေးပါ။

တောထဲလမ်းပျောက်နေရင် မြစ်ကြောင်းတစ်လျှောက် ဆင်းသွားတာနဲ့ လူတွေတွေ့နိူင်တယ်

ဒီအချက်က မှန်ပါတယ်။ လူတွေက ဟိုအရင်းကတည်းက မြစ်ဘေးမှာ ရွာတည်ပြီးနေလေ့ရှိကြတာပါ။ ဒါပေမယ့် မြစ်ကြောင်းတစ်လျှောက် ဘယ်လောက်ထိ ဆုန်ဆင်းသွားရမလဲဆိုတာတော့ သင်မသိနိူင်ပါဘူး။ မြစ်ဘေးမှာနေတဲ့ လူတွေကို တွေ့ရဖို့တစ်ရက်နှစ်ရက် (သို့) တစ်ပက်နှစ်ပက် (သို့) လနဲ့တောင်ချီပြီး ကြာနိူင်ပါတယ်။

တောထဲမှာ လမ်းပျောက်ပြီဆိုတာနဲ့ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ရောက်နေရာမှာ ရပ်နေဖို့ပါပဲ။ ကယ်ဆယ်ရေးအဖွဲ့တွေက သင်လမ်းပျောက်သွားတဲ့ နေရာကို ပထမဆုံး ရှာဖွေမှာမလို့ပါပဲ။

ကန္တာရထဲမှာ လမ်းပျောက်နေရင် ရေကိုအရင်ရှာရမယ်

မဟုတ်ပါဘူး။ ရေကိုအရင်ရှာမယ့်အစား အရိပ်ကို အရင်ရှာရပါတယ်။ ခန္ဓာကိုယ်အတွင်းမှာ ကျန်နေသေးတဲ့ ရေဓာတ်တွေ ထပ်ပြီးမဆုံးရှုံးရလေအောင် ကာကွယ်ဖို့ အရိပ်ရတဲ့ နေရာကိုအရင်ရှာရမှာပါ။ ပူပြင်းတဲ့ သဲပေါ်မှာ မနေပါနဲ့။ အရိပ်ရတဲ့ နေရာတွေ့ပြီဆိုတာနဲ့ အောက်မှာတခုခုခံပြီးနေပါ။ ညမှောင်သွားတာနဲ့ ခရီးဆက်လို့ရပါပြီ။

Source: Bright Side