မင်္ဂလာပါ….ပျိုမဒီတို့ရေ…. နွေရာသီရောက်ပြီဆိုတော့ နေ့တိုင်းနီးပါး ဆံပင်လျှော်နေကြပြီလား ? တစ်ခါတလေ တစ်ချို့်ဆို တစ်နေ့ နှစ်ကြိမ်လောက်တောင် လျှော်တတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုလျှော်တာက တကယ်တော့ အန္တရာယ် ရှိပါတယ်နော်။

ဒါပေမယ့် မရည်ရွယ်ဘဲ မဖြစ်လို့ ခေါင်းလျှော်ရပြီဆိုရင် ဂရုစိုက်ဖို့ လိုအပ်တဲ့အရာလေးတွေတော့ ရှိပါတယ်နော်။ ဒါကြောင့် ခေါင်းမလျှော်ခင် ခေါင်းလျှော်နေတုန်းနဲ့ ခေါင်းလျှော်ပြီးတဲ့အချိန်တွေမှာ ဘယ်လိုအရာတွေကို သတိထားရမယ်ဆိုတာ ဝေမျှလိုက်ပါတယ်နော်-

ဆီတစ်မျိုးမျိုးနဲ့ နှိပ်ပေးပါ

ဦးရေပြားကို အာဟာရဖြည့်ပေးပြီး သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးဖို့  ခေါင်းမလျှော်ခင်မှာ ဗာဒံသီး၊ သံလွင်ဆီ အုန်းဆီ စတဲ့ ကြိုက်နှစ်သက်ရာ ဆီတစ်မျိုးမျိုးနဲ့ ဦးရေပြားကို နှိပ်ပေးပါ။ ခေါင်းမလျှော်ခင် နှိပ်နယ်ပေးတာက  ဦးရေပြားခြောက်သွေ့တာနဲ့ ဗောက်တွေကို သက်သာစေပါတယ်။

ခေါင်းဖြီးပါ

ရေမချိုးခင်မှာ ဆံပင်ကို ဘယ်လောက်ကောင်းကောင်း နှပ်ထားပါစေ ခေါင်းလျှော်တဲ့ အချိန်မှာ ရှုပ်ပွနေတတ်ပါတယ်။ ခေါင်းလျှော်ပြီးရင် Conditioner သုံးပြီး ဆံပင်ကို ဖြီးပေးပါ။

ရေအေးနဲ့ ဆေးချပါ

ခေါင်းလျှော်ရည်နဲ့ လျှော်ပြီးရင်  ဦးရေပြာမှာ ပွင့်နေတဲ့ ချွေးပေါက်တွေကို ပိတ်ဖို့ ရေအေးနဲ့ ဆေးချလိုက်ပါ။ ဒါက ဆံပင်ကို တစ်နေ့တာလုံး တောက်ပြောင်ပြီး အသက်ဝင်နေစေဖို့ ကူညီပေးပါတယ်။

Bacne

Bacne ဆိုတာက နောက်ကျောမှာရှိတဲ့ ဝက်ခြံတွေကို ဆိုလိုတာပါ။  Bacneတွေက တကယ်တော့  shampoo နဲ့ conditioner ကြောင့်ဖြစ်တာပါ။ ခေါင်းလျှော်ပြီးရင် ခေါင်းလျှော်ရည်တွေက ချွေးပေါက်ထဲကို စိမ့်ဝင်သွားတတ်တာကြောင့်  ဓာတုပစ္စည်းတွေကို ဖယ်ရှားဖို့ ကျော၊ လည်ပင်း၊ နားရွက်တွေကို သေချာဆေးသင့်ပါတယ်။

မျက်နှာအသားအရေကို ကာကွယ်ပါ

လူအများစုက ခေါင်းလျှော်တဲ့အခါတိုင်း မျက်နှာကို ကာကွယ်ဖို့ မေ့လုနီးပါး ဖြစ်နေကြပါတယ်။ Conditioner က ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး နဖူးမှာဝက်ခြံတွေကို ဖြစ်စေတာကြောင့် အမြှုပ်တွေကို  ရေနဲ့ သေချာဆေးပေးပါ။