မင်္ဂလာပါ…. ပျိုမဒီတို့ရေ…. ချစ်ရသူတွေကြား တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ချစ်ကြောင်း နည်းလမ်းတွေအမျိုးမျိုးနဲ့ ဖော်ပြလေ့ရှိပါတယ်။ ဒီလိုဖော်ပြတဲ့နည်းတွေထဲမှာ စုံတွဲတက်တူးထိုးတာကလည်း နည်းလမ်းတစ်ခုပါပဲနော်။ ချစ်ခြင်းမေတ္တာကို ပြသဖို့နဲ့ ဂုဏ်ပြုဖို့အတွက် ချစ်သူတွေက စုံတွဲတက်တူးထိုးလေ့ရှိကြပါတယ်။

ရိုးရိုးသားသားပြောရလျှင် ချစ်သူတွေကြား အချစ်တွေက ထာဝရတည်မြဲနေပါ့မလားဆိုတာကို ဘယ်သူမှ မသိနိုင်တာကြောင့် စုံတွဲတက်တူးထိုးတာက တကယ်တော့ အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် စုံတွဲတက်တူးထိုးဖို့ စဥ်းစားနေပြီဆိုရင်တော့ ဒီအချက်တွေကိုတော့ သတိထားသင့်ပါတယ်။

ဒီလူက မင်းရဲ့ကျန်တဲ့ ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းချင်တဲ့လူဆိုတာ သေချာဖို့တော့ လိုပါတယ်နော်။

သင်တို့နှစ်ယောက်ကြားမှာ ဆိုးရွားတဲ့ဆက်ဆံရေးရှိနေရင် စုံတွဲတက်တူးထိုးလည်း အခြေအနေတွေကို မပြောင်းစေနိုင်တာကြောင့် နောက်မှနောင်တမရအောင် မထိုးခင် သေချာစဥ်းစားသင့်ပါတယ်။

ရည်းစား ဒါမှမဟုတ် ရည်းစားနဲ့ လမ်းခွဲရင်တောင် တက်တူးက မင်းအတွက် အဓိပ္ပာယ်ရှိနေတုန်းမလို့ မထိုးခင်မှာ တက်တူးဒီဇိုင်းကို သေချာရွေးချယ်သင့်ပါတယ်။

စုံတွဲတက်တူးထိုးတာက နှစ်ယောက်စလုံး တစ်သက်လုံး သယ်သွားဖို့ ဆန္ဒရှိဖို့တော့ လိုပါတယ်။

တက်တူးဆိုတာက ထိုးပြီးရင် ပြန်ပြင်ဖို့မလွယ်ကူတာကြောင့် နာမည်တက်တူးမထိုးခင်မှာ သေချာဆုံးဖြတ်ဖို့တော့ လိုပါတယ်နော်။