အလုပ်များပြီးတော့ အချိန်သိပ်မရှိတဲ့ မိန်းကလေးတွေအတွက် လိုအပ်တဲ့ Makeup Step 5 ခုကို ပြောပြပေးလိုက်ပါတယ်။ အချိန်မရှိလို့ဆိုပြီး အလှမပြင်ပဲသွားတာမျိုးလည်း မလုပ်ချင်ဘူးဆိုရင် ဒီ Step 5 ခုကိုပဲ လုပ်လိုက်ပါ။ ရိုးရှင်းပြီးလှနေပါလိမ့်မယ်။

Foundation လိမ်းပါ

Foundation ကို Blend ရလွယ်ကူတာမျိုး ရွေးသုံးပါ။ Cushion ဆိုလည်း လိမ်းရတာ အချိန်ကုန်သက်သာလို့ အဆင်ပြေပါတယ်။ Foundation ရော Cushion ရော မလိမ်းချင်တဲ့သူဆို BB Cream လိမ်းလည်း ရတာပါပဲ။ Cream Pact ပုတ်တာ၊ Setting Powder ပုတ်တာမျိုးကတော့ လိမ်းလည်းရသလို မလိမ်းလည်း ရပါတယ်။

မျက်ခုံးမွှေးဆွဲပါ

မျက်နှာမှာအသက်ဖြစ်တဲ့ မျက်ခုံးမွှေးကိုတော့ ဆွဲရမှာပါပဲ။ မျက်ခုံးမွှေးရှိပြီးသားသူဆိုရင်တော့ ပိုပြီး အချိန်ကုန်သက်သာအောင် Eyebrow Gel နဲ့ပဲ ဖြီးတာမျိုး လုပ်လို့ရပါတယ်။ Eyebrow Gel မရှိလည်း အလွယ်တကူ Mascara နဲ့ ဖြီးတာမျိုး လုပ်ပေးရင် မျက်ခုံးပိုပြီး ထင်းသွားမှာပါ။

ပါးနီခြယ်ပါ

ပါးနီခြယ်လိုက်ရင် မျက်နှာလေးပိုလင်းပြီး နုပျိုသွားစေပါတယ်။ ဒါကြောင့် ပါးနီခြယ်တာကတော့ ထည့်သင့်တဲ့ Step ဖြစ်ပါတယ်။

Mascara သုံးပါ

မျက်လုံးကို ဘာမှပြင်ဆင်ခြယ်သတာမျိုး မလုပ်ရင်တောင်မှ Mascara နဲ့ မျက်တောင်လေးကော့လိုက်ပါ။ မျက်တောင်ရှည်ပြီး ကော့သွားရင် မျက်လုံးကတောက်ပြီး ပိုလှသွားပါတယ်။

နှုတ်ခမ်းနီဆိုးပါ

အလှပြင်ထားပြီး နှုတ်ခမ်းနီမဆိုးရင် တစ်ခုခုလိုနေသလိုမျိုး ဖြစ်စေပါတယ်။ ဒါကြောင့် နှုတ်ခမ်းနီကတော့ မဖြစ်မနေဆိုးရမှာပါပဲ။ အရောင်မှိုင်းတာတွေထက် အရောင်အတောက်လေးတွေ ဆိုးတာက ပိုကောင်းပါတယ်။ လူငယ်ကောင်မလေးတွေဆိုရင် Lip Gloss, Lip Tint ဆိုးတာမျိုးက လူငယ်ဆန်ပြီး ပိုလှပါတယ်။