သင်က လက်ရှိမှာ ဆံပင်အတိုလေး ညှပ်ထားတယ်ဆိုရင် ဒီဆံပင်စတိုင်ကို ပိုလှအောင် ဘယ်လို ဖန်တီးနိုင်မလဲ သိချင်မှာပါ။ ဆံပင်တို စတိုင်က ကိုယ့်မျက်နှာပုံစံကို လုံးဝ ပြောင်းလဲစေနိုင်တဲ့အထိ စွမ်းပါတယ်။ ရိုးရိုးအေးအေးနဲ့ ကောင်မလေး တစ်ယောက်ကို ခပ်မိုက်မိုက် ကောင်မလေး တစ်ယောက်ဖြစ်အောင် ဆံပင်တိုက ဖန်တီးပေးနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဒီဆံပင်တိုကို ပိုချစ်စရာ ကောင်းသွားစေမယ့် ဆံပင်စတိုင်တွေကို ဖော်ပြလိုက်ပါတယ်။

ဆံပင်ကို တစ်ဝက်စည်းပြီး နောက်ဘက် ထုံးလိုက်တာက သင့်မျက်နှာလေးကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။

ရှေ့ချတဲ့ဆံပင်ကို နောက်ပြန်လှန်စည်းလိုက်တာက ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန် ပိုငယ်သွားစေနိုင်ပါတယ်။

ကုတ်အင်္ကျီတွေ ဝတ်မယ်၊ အလုပ်ကိစ္စနဲ့ အပြင်ထွက်မယ်ဆိုရင် ဆံပင်တိုလေးကို တစ်ဝက်စည်းပြီး ကလစ်လေးနဲ့ လူကြီးဆန်ဆန် ညှပ်နိုင်ပါတယ်။

ရှေ့ဘက် ဆံပင်ချပြီး ဆံပင်တစ်ဝက်ကို အမြင့်စည်းလိုက်မယ်ဆိုရင်တော့ ကလေး လေးနဲ့ တူသွားပါလိမ့်မယ်။

ဆံပင်အရှည်ကိုမှ ကျစ်ဆံမြီးကျစ်လို့ ရတာ မဟုတ်ပါဘူး။ အတိုလေးကိုလည်း ကျစ်ဆံမြီး သေးသေးလေးတွေ ကျစ်လို့ရပါတယ်။

ကျစ်ဆံမြီးအကြီး ကျစ်ပြီးနောက်ဘက် လှန်စည်းထားတာက Hoodie လေးတွေနဲ့ လိုက်ဖက်ပါတယ်။

စည်းတာက အလုပ်ရှုပ်တယ်ထင်ရင် ရောင်စုံလိပ်ပြာ ကလစ်လေးတွေနဲ့ Cute နိုင်ပါတယ်။

ဆံပင် ကို လိပ်ပြာကလစ်လေးတွေနဲ့ အစည်းပုံစံ စည်းပြီး ဖန်တီးထားတာက သင့်ဆံပင်တို ကို ပိုချစ်ဖို့ကောင်းသွားစေပါတယ်။

ရှေ့ဆံပင်ကို ကလစ်လေးနဲ့ ရိုးရိုးလေး တပ်ထားမယ်ဆိုရင်လည်း ချစ်ဖို့ကောင်းနေဦးမှာပါ။

သင်က ဆံပင်တိုလေးကို Highlight ဖောက်ထားသေးလား။ အပေါ်က ဘယ်ဆံပင်စတိုင်လေးကို သဘောအကျဆုံးလဲ ပြောပြခဲ့ပါဦး။ ပြီးတော့ ဘယ်လို ပုံစံလေး စည်းဖို့ စဉ်းစားထားလဲ။

Photo Source: Pinterest

By MyStyle Myanmar