အသက်အရွယ်အလိုက် အသားအရေပြောင်းလဲမှုနဲ့အတူ Skincare လုပ်တဲ့နည်းတွေပါ မတူတော့တာကို ပျိုမေတို့သိကြမှာပါ။ Skincare စလုပ်တော့မယ်ဆိုရင် ကိုယ့်လက်ရှိအရွယ်နဲ့ ကိုက်အောင် သုံးတတ်ဖို့က အရေးအကြီးဆုံးပါပဲ။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ဆယ်ကျော်သက်အရွယ်ကနေ အသက်ရလာတဲ့အထိ အဆင့်ဆင့်ပြောင်းလုပ်ပေးသင့်တဲ့ Skincare နည်းတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

ဆယ်ကျော်သက်နဲ့ အသက်၂၀ ဝန်းကျင်

Photo Source: exclusivebeautyclub.com

Skincare စလုပ်တတ်ကြတဲ့ ဆယ်ကျော်သက်နဲ့ ၂၀ ဝန်းကျင်မှာတော့ Basic ဖြစ်တဲ့အဆင့်တွေ လုပ်ပေးဖို့ လိုပါတယ်။ အသားအရေသိပ်မပျက်စီးသေးပေမယ့် ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံပြဿနာတွေ ဖြစ်တတ်တာမို့ ချွေးပေါက်တွေသန့်စင်အောင် ဂရုစိုက်ပေးပါ။ ကိုယ့် Skin Type ကို သိအောင်လုပ်ပြီး Cleanser ကာင်းကောင်းတစ်ခု၊ Toner နဲ့ Moisturizer တွေသုံးပေးပါ။ တစ်လနှစ်ခါလောက် မျက်နှာပေါင်းတင်ပြီး ဆဲလ်သေတွေဖယ်ရှားပေးရင် ပိုကောင်းပါတယ်။ အရွယ်တစ်ခုရောက်တဲ့အထိ အသားအရေတင်းရင်းနေဖို့ Sunscreen ပုံမှန်လိမ်းတဲ့အကျင့် စလုပ်ပေးပါ။

၂၅ နှစ်နောက်ပိုင်း အသက် ၃၀ ဝန်းကျင်

သက်လတ်ပိုင်းအရွယ်ဖြစ်တဲ့ အသက် ၃၀ ဝန်းကျင်မှာတော့ မျက်နှာမှာ Collagen ထုတ်တဲ့အားလျော့လာတတ်တာမို့ Antiaging ဖြစ်မယ့် Skincare တွေထည့်သုံးပေးဖို့ လိုလာပါပြီ။ အရေပြားအဆီထွက်နှုန်းလည်း နှေးသွားနိုင်လို့ အသားခြောက်စေမယ့်ပစ္စည်းတွေ မသုံးမိအောင် သတိထားပေးပါ။ အစိုဓာတ်များများရဖို့ Moisturizer အပြင် Hydrating ဖြစ်တဲ့ Serum တွေပါတွဲသုံးရင် ပိုကောင်းပါတယ်။ အရေးအကြောင်းမထွက်အောင် Vatamin A ပါတဲ့ Retinol အလှကုန်တွေကို စသုံးပါ။

၃၀ ကျော်အရွယ် ၄၀ ဝန်းကျင်

Photo Source: self.com

မျက်နှာအသားပါးပြီး ခြောက်သွေ့လွယ်ကာ အမဲစက်တွေထွက်လာတတ်တဲ့အရွယ်ဖြစ်လို့ ဒီအချိန်မှာတော့ Vitamin C ၊ Vitamin E နဲ့ Green Tea တို့ပါတဲ့ Skincare ပစ္စည်းတွေသုံးပေးပါ။ မျက်နှာအဆီမလျော့အောင် Cleanser အပျော့လေးတွေ သုံးပါ။ မျက်လုံးတစ်ဝိုက်အသားက အရေးအကြောင်းအပေါ်တတ်ဆုံးမို့ Eye Cream သုံးပေးဖို့မမေ့ပါနဲ့။ ညပိုင်းတွေမှာ အစိုဓာတ်ဖြည့်ပေးမယ့် Night Cream တွေ သုံးဖို့လိုပါတယ်။

အသက် ၄၀ နဲ့ နောက်ပိုင်း

Photo Source: The List

အသက်ရလာတဲ့ ၄၀ ကျော် ၅၀ အရွယ်မှာတော့ အရေပြား Collagen ထုတ်လုပ်မှုက ၃၀ ရာခိုင်နှုန်းလောက် လျော့သွားပြီဖြစ်လို့ အသားအရေအားနည်းပြီး ပျက်စီးလွယ်လာပါပြီ။ ဒီလိုအချိန်မှာ Skincare ပစ္စည်းတွေကို အတတ်နိုင်ဆုံး Mild ဖြစ်ပြီး ရေဓာတ်ဖြည့်တာမျိုးသာ သုံးပေးပါ။ နေအပူနဲ့ တိုက်ရိုက်ထိတာမျိုးရှောင်ပြီး Sunscreen အမြဲလိမ်းထားပါ။ ၂၀ ဝန်းကျင်လောက်ကတည်းက Skincare လုပ်လာတဲ့သူတွေကတော့ ဒီအရွယ်မှာ အသားအရေပျက်စီးမှု ပိုနည်းနိုင်ပါတယ်။ ကြမ်းတမ်းတဲ့ Scrub တိုက်တာမျိုးတွေရှောင်ပြီး Cleanser အပျော့၊ Moisturizer နဲ့ Serum တွေ ပုံမှန်လေးသုံးပြီး ထိန်းသိမ်းပေးပါ။

By MyStyle Myanmar