မင်္ဂလာပါ….ပျိုမဒီတို့ရေ… ဗာဒံဆီမှာ ..ဆံပင်အတွက်လိုအပ်တဲ့ ဗီတာမင် E၊ မဂ္ဂနီဆီယမ်၊ Phospholipids နဲ့  Omega-3 Fatty Acids တွေ အများကြီးပါဝင်တာကြောင့် ဆံသားကို အရင်းကနေ အဖျားထိ ကျန်းမာသန်စွမ်းစေပါတယ်။

ဆံသားကို ဗာဒံဆီလိမ်းပေးခြင်းက ဆံပင်ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးဝင်ပါတယ်။

ဗာဒံစေ့ကနေရတဲ့အဆီကနေ ရတဲ့အဆီကို ဆံပင်နဲ့ Skin Care ထုတ်ကုန်တွေမှာလည်း ဗာဒံစေ့အဆီကို ထည့်သွင်း အသုံးပြုလေ့ရှိပါတယ်။

ဆံပင်တွေအဖျားကွဲနေရင်  ဗာဒံစေ့၊ ကြက်ဆူဆီနဲ့  သံလွင်ဆီကို ဆတူရောပြီး တစ်ပတ်လျှင် နှစ်ကြိမ် ဆံပင်ကိုလိမ်းပေးပါ။

ဗောက်ထတဲ့ဦးရေပြားအတွက်ဆိုရင် ဗာဒံဆီနဲ့ Amla အမှုန့်ကိုရောပြီး ဆံပင်ကို လိမ်းပေးပါ။ မိနစ် 30 ကြာပြီးတဲ့အခါ ရေဆေးချလိုက်ပါ။ ဦးရေပြားကို သန့်ရှင်းစေပါတယ်။

အာဟာရပြည့်စေဖို့ ဗာဒံဆီနဲ့ ဆံပင်ကို ၁၀ မိနစ်မှ ၁၅ မိနစ်အထိ နှိပ်နယ်ပေးပါ။ ဆံသားကို အရင်းမှအဖျားအထိ အာဟာရဖြစ်စေအတွက် အဆီကို တစ်နာရီခန့် လိမ်းထားပေးပါ။

ဆံပင်ကို ရေဓာတ်ဖြည့်ပေးပြီး ဆံပင်ကျွတ်ခြင်းကို လျှော့ချဖို့  ဆံပင်အခြောက်မခံခင် ဗာဒံဆီနည်းနည်းကို လိမ်းပေးပါ။