မင်္ဂလာပါ… ပျိုမဒီတို့ရေ…အချစ်ရေးမှာ အားထုတ်မှု များများစားစား မလိုအပ်ပေမယ့် စိတ်ထဲမှာ အမြဲ ချစ်နေဖို့တော့ လိုပါတယ်နော်။ ချစ်သူဘဝ တစ်ယောက်နဲ့တစ်ယောက်အချိန်ပေးပြီး မုန့်သွားစား ရုပ်ရှင်ကြည့် ခရီးတွေသွားရင် အချိန်တွေအတူတူကုန်ဆုံးခဲ့ကြပေမယ့် အိမ်ထောင်သည်ဘဝရောက်လာတဲ့အခါ အလုပ်တွေ လူမှုရေးတွေကို ဦးစားပေးရင်း တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးဖို့ မေ့လာတတ်ကြပါတယ်။

အိမ်ထောင်သည်ဘဝမှာ ချိန်းတွေ့ဖို့ ဘာကြောင့် အရေးကြီးလဲဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ သမီးရည်းစား ချစ်သူဘဝမှာသာ အချိန်ပေးဖို့လိုအပ်တာမဟုတ်ပါဘူးနော်။

အလုပ်များတဲ့အချိန်ဇယားတွေထဲကမှ တစ်ပတ်မှာ တစ်ရက်လောက်တော့ Date ဖို့ ဖယ်ထားသင့်ပါတယ်။အိမ်ထာင်သည်ဘဝမှာလည်း တစ်ယောက်နဲ့တစ်ယောက် အတက်နိုင်ဆုံး အချိန်ပေးသင့်ပါတယ်နော်။ အရင်လောက် အချိန်အများကြီး မပေးနိုင်ဘူးဆိုရင်တောင် လက်တွဲဖော်နဲ့ ညစာအတူစားရင်း အချိန်ဖြုန်းတာမျိုးလောက်တော့ လုပ်သင့်ပါတယ်နော်။

လက်တွဲဖော်က အပြင်ထွက်ရတာကို ကြိုက်လား ? ရင်ခုန်စရာညကို သဘောကျတာလား ? Date ဖို့ စီစဥ်တဲ့အခါ လူတစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူတာမလို့ လက်တွဲဖော်ရဲ့အကြိုက်ကိုလည်း ထည့်သွင်း စဥ်းစားသင့်ပါတယ်။

Date night က ဈေးကြီးဖို့သေချာပေါက်မလိုအပ်ပေမယ့် တန်ဖိုးရှိဖို့တော့ လိုအပ်ပါတယ်နော်။ စီစဥ်တဲ့အခါ တာဝန်တစ်ခုအနေနဲ့မလုပ်ဘဲ နှစ်ယောက်လုံးစိတ်ဝင်စားတဲ့အရာလေးဖြစ်ဖို့ အရေးကြီးပါတယ်။

အချိန်သီးသန့်မဖယ်ထားဘဲ Date မိလို့ အလုပ်ကိစ္စပေါ်လာခဲ့ရင် သူ့ကို နာရီပေါင်းများစွာ တစ်ယောက်တည်းထားခဲ့သလိုဖြစ်သွားတတ်တာကြောင့် ပျော်စရာ Date လေး ပျက်စီးသွားနိုင်ပါတယ်။