Makeup ပြင်ဆင်တဲ့အခါမှာ Look အမျိုးမျိုး မပြင်တတ်တဲ့သူတွေအတွက် ဘယ်လိုအဝတ်အစားမျိုးနဲ့မဆို လိုက်ဖက်ပြီး Everyday အတွက်လည်း အဆင်ပြေတဲ့ Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး အောက်ခံမိတ်ကပ် Foundation ကိုလိမ်းပြီး Cream Pact လိမ်းပေးပါ။ မျက်လုံးအောက်နားတွေကိုပါ လိမ်းပေးပါ။

မျက်ခုံးမွှေးဆွဲတဲ့အခါမှာ သေချာလေးလှအောင် ဆွဲပေးပါ။ အရောင်ကို အမဲရောင်မသုံးပဲ အစိမ်းဖောက်တာမျိုးလေး သုံးပြီးတော့ဆွဲရင် ပိုလှပါတယ်။

Eyeshadow ခြယ်ဖို့အတွက် Eyeshadow အရောင်ကို ပုံမှာပြထားတဲ့အရောင်ဖျော့လေး ခြယ်ပါမယ်။ မျက်လုံးအောက်နားလေးကိုပါ ခြယ်ပေးပါ။

နောက်ထပ်နည်းနည်းအရောင်ရင့်တာလေးကို မျက်ခွံအရှေ့နားနဲ့ အနောက်နားကို ခြယ်ပါမယ်။ မျက်ရစ်နေရာကိုလည်း ထပ်ခြယ်ပေးပါ။

လိမ္မော်နည်းနည်းဖောက်တဲ့ Glitter Eyeshadow အရောင်လေးကို လက်ညှိုးလေးနဲ့ယူပြီး ခြယ်ပေးပါ။

အညိုရောင် Glitter Eyeshadow ကို မျက်ရစ်နေရာနဲ့ မျက်လုံးအနောက်ဘက် ထောင့်လေးမှာ ခြယ်ပေးပါ။

နောက်ထပ် ပုံမှာပြထားသလို Glitter အရောင်လင်းတာလေးကိုတော့ မျက်လုံးအရှေ့ထောင့်လေးနဲ့ မျက်လုံးအောက်နားလေးကိုလည်း တစ်ဝက်လောက်အထိ ခြယ်ပေးပါ။ ဒါဆိုရင် မျက်လုံးလေးလင်းပြီး ပိုလှသွားပါတယ်။

သဘာဝဆန်အောင်လို့ Eyeliner ကို အညိုရောင်လေးသုံးပါမယ်။ မျက်လုံးထိပ်ကနေ စပြီးမဆွဲပဲနဲ့ တစ်ဝက်လောက်ကနေပဲ Wings လေးထွက်အောင် ဆွဲပါမယ်။

ပါးနီကို လိမ္မော်ဖောက်တဲ့ အရောင်အဖျော့လေး ခြယ်ပါမယ်။

ရွှေရောင် Highlighter ကို ပါးရိုးနှစ်ဖက်နဲ့ နှာတံကို ခြယ်ပေးပါ။ ဒါမှ Glow ပြီး ပိုလှသွားမှာပါ။

Bronzer အညိုနဲ့ မေးရိုးနေရာလေးတွေကို နည်းနည်းစီခြယ်ပြီး နှာတံဖော်ပါမယ်။

နှုတ်ခမ်းနီကို Lip Cream (သို့) Lip Gloss အညိုဖျော့လေး ဆိုးပါမယ်။ ပြီးမှ နှုတ်ခမ်းနီ အရောင်အရင့်ကို မျက်ခမ်းအတွင်းသားမှာ ဆိုးပါမယ်။

နှုတ်ခမ်းသားစိုစိုလေးနဲ့ တောက်ပြီးတော့ ပိုလှသွားချင်ရင်တော့ နှုတ်ခမ်းအနားလေးတွေကို Water Gloss လေး ဆိုးပေးလို့ရပါတယ်။

ဒါဆိုရင်တော့ အရမ်းလှပြီး ဘယ်လိုအဝတ်အစားမျိုးနဲ့မဆို လိုက်ဖက်တဲ့ Everyday Makeup Look လေးကို ရရှိသွားပါပြီ။